အထပ်မြင့်အဆောက်အအုံ စီမံကိန်းများတွင် မသန်စွမ်းသူများအတွက် လွယ်ကူစွာသွားလာအသုံးပြုနိုင်ရန် Public Building များ၏ Public Area များတွင် လိုအပ်ချက်များ (Accessibility) များ မပါမဖြစ်ထည့်သွင်း ရေးဆွဲရန် ကိစ္စ။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံစီမံကိန်းများ ပုံစံရေးဆွဲရာတွင် မသန်စွမ်းသူများအတွက် လွယ်ကူစွာသွားလာအသုံးပြုနိုင်ရန် Public Building များ၏ Public Area များတွင် လိုအပ်ချက်များ (Accessibility) များ မပါမဖြစ်ထည့်သွင်းရေးဆွဲရန်အတွက် CQHP မှ (၁၈.၃.၂၀၁၇) ရက်နေ့တွင် အစည်းအဝေးဖိတ်ကြား၍ ရှင်းလင်းခဲ့ပြီး CQHP Guideline အသစ်တွင်ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ (၁.၁၁.၂၀၁၇) ရက်နေ့မှစ၍ အဆောက်အအုံ Design များ တင်ပြရာတွင် မသန်စွမ်းသူများအတွက် လိုအပ်သည့် (Accessibility) များ တင်ပြရမည်ဖြစ်ပါသည်။ ယင်းနေ့မတိုင်မီ ထည့်သွင်းရေးဆွဲထားပါကလည်း တင်ပြနိုင်ပါကြောင်း အကြောင်းကြားပါသည်။