May 17th, 2024
ရည်ညွှန်းချက် ။ HPBC ၏ (၁၄.၅.၂၀၂၀)ရက်စွဲပါစာအမှတ်၊ O – ၁၆၈ / HPBC / ၂၀၂၀။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက် အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) မှ HPBC ကိုယ်စား စစ်ဆေးဆောင်ရွက်မည့် အသိအမှတ်ပြု External Inspection Expert Team များဖြင့် မိမိတို့၏လုပ်ငန်းများကို ပုံမှန်စစ်ဆေးခံရန် သတ်မှတ်ထားကြောင်း ရည်ညွှန်းချက်ပါစာဖြင့် ကြိုတင် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏အထပ်မြင့်စီမံကိန်းများ စတင်ဆောင်ရွက်ချိန် (Method (၃) မျိုးဖြင့် ဆောင်ရွက်သော Pile Load Test, Piling လုပ်ငန်းများ) မှစ၍ External Inspection Expert Team များဖြင့် ပုံမှန်စစ်ဆေးဆောင်ရွက်၍ သက်ဆိုင်ရာ External Inspection Expert Team အဖွဲ့မှတဆင့် HPBC သို့ စစ်ဆေးချက်မှတ်တမ်းများအား တင်ပြရမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားပါသည်။