March 25th, 2014
၁။အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသော အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများသည် ယခုအခါ စီမံကိန်းပမာဏာအားဖြင့် ပိုမိုကြီးမားလာပြီး တည်ဆောက်မှုနည်းပညာပိုင်းတွင်လည်း ဖွံဖြိုးတိုးတက်လျက် ရှိပါသည်။
၂။ပြောင်းလဲတိုးတက်လာသော နည်းပညာများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်များတွင် အရည်အသွေးပြည့်မီရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရန် စနစ်တကျသော Quality Management System များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အထူ လိုအပ်ပါသည်။
၃။သို့ဖြစ်ပါ၍ သက်ဆိုင်ရာတည်ဆောက်ရေးကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းအတွက် Construction Plan၊ Quality Control Plan၊ Safety and Health Plan၊ Organization Chart၊ Inspection Procedure နှင့် Inspection Checklist များစသည်တို့ကို အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ CQHP သို့ အမြန်တင်ပြပါရန် အကြောင်းကြားပါသည်။
၄။CQHP သို့တင်ပြထားသည့်အတိုင်း လုပ်ငန်းခွင်တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆောင်ရွက်ထားရှိမှုများကို Record များစနစ်တကျထားရှိရန် နှင့် CQHP သို့တင်ပြရန် အကြောင်းကြားပါသည်။