၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သတ်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်း pile လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထပ်မြင့်အဆောက်အုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့သို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အကြောင်းကြားစာနှင့် အတူ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲ တင်ပြ၍ လျှောက်ထားရပါမည်။
(၁) Company Profile
(၂) Company Organization Chart
(၃) Code of Practice and Specification
(၄) Personal Experience in Piling Work
(၅) List of Equipments and Specifications
(၆) Method of Statement for Piling Work
(၇) Company Experience
(၈) Responsibility for Piling Work
(၉) Quality Control System
(၁၀) Safety Plan
၂။ ဆက်လက်၍ တင်ပြသော အချက်အလက်များကို CQHP တွင် Presentation ပြုလုပ်ရပါမည် ဖြစ်ပါသည်။ ထို့နောက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး သွားလာမှုများကို ကုမ္ပဏီများမှ တစ်ခုချင်းသော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သတ်၍ အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့အနေဖြင့် Soil Investigation လုပ်ငန်းဆိုင်ရာ အရည်အသွေးပိုမိုတိုးတက်စေရေးအတွက် Soil Investigation ကုမ္ပဏီများ၏ လက်ရှိဆောင်ရွက်နိုင်သော Test များ၊ လိုက်နာဆောင်ရွက်လျက်ရှိသော Specification များ၊ Testing Equipments များအား လေ့လာသိရှိရန် လိုအပ်လျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ ကုမ္ပဏီနှင့် သက်ဆိုင်သော အောက်ပါအချက်အလက်များပါဝင်သည့် စာတမ်းတစ်စောင်ပြုစုရေးသားပြီး အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ ပေးပို့နိုင်ပါရန် အကြောင်းကြားပါသည်။
(က) Company Profile
(ခ) Company Organization Chatနှင့် ဝန်ထမ်းအင်အား
(ဂ) Testing Method, Specification and Equipment
(ဃ) အထက်ဖော်ပြထားသည့် အချက်များကို အခြေခံ၍ ကုမ္ပဏီမှ လိုက်နာဆောင်ရွက်လျက်ရှိသော Soil Investigation လုပ်ငန်းအတွက် Method of Statement ရေးသားပေးရန်။
(င) Quality Control System
၃။ Method of Statement for Soil Investigationနှင့် ပတ်သတ်၍ အခြားနိုင်ငံများရှိ Soil Investigation ကုမ္ပဏီများမှ ပြုစုသည့်အချက်များကိုလည်း လေ့လာပြီး ရေးသားပြုစုရန် အကြံပြုပါသည်။