အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁.၈.၂၀၁၄)ရက်နေ့တွင် အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၌ ကျင်းပပြု လုပ်သော Members of CQHP နှင့် Technical Consultative Group တို့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ CQHP သို့တင်ပြလာသော Pile Load Test လုပ်ငန်းများတွင် Jack-in Pile ၏ Installation Depth အား အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်လိုက်ပါသည်။ ယခုသတ်မှတ်ချက် အား အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင် အဖွဲ့သို့ ၂၀၁၄ ခုနှစ် ၊ ဩဂုတ်လတွင် စတင်တင်ပြလာသည့် စီမံကိန်းများမှစတင်လိုက်နာရန် ဖြစ်ပါသည်။
ပြင်ဆင်သတ်မှတ်လိုက်သည့်အချက်များ
(၁) Jack-in Pile လုပ်ငန်းများဆောင်ရွက်ရာတွင် Design Capacity နှစ်ဆရောက်သည် အထိ Jack-in ပြုလုပ်ရန်။
(၂) Pile Penetration အနေဖြင့် Design Pile Depth ၏ ၃ ပုံ-၂ပုံအထိ အနည်းဆုံး Jack-in ပြုလုပ်ရန်နှင့် အကယ်၍ Design Pile Depth ၏ ၃ ပုံ-၂ ပုံ မရရှိပါက Design Capacity ၏ နှစ်ဆခွဲဖြင့် Jack-in ပြုလုပ်ရန်။
(၃) Jack-in Pile လုပ်ငန်း၏မှတ်တမ်းများကို အပြည့်အစုံပြုလုပ်တင်ပြရန်။