၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ တင်ပြလာသော အထပ်မြင့်အဆောက်အအုံများ၏ Foundation Design System တွင် Press Piling ဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများပါရှိပါသည်။ အဆိုပါ စီမံကိန်းများ၏ Pile Installation ဆောင်ရွက်ရာတွင် Working Load Test ဆောင်ရွက်ခဲ့သည့် Actual Test Pile Length နှင့် Piling လုပ်ငန်းဆောင်ရွက်သည့် Pile Installation Length တို့သည် Designer မှ တွက်ချက် တင်ပြ ထားသည့် Estimated Pile Length ထက်များစွာလျော့နည်းနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၂။ ထိုကဲ့သို့ Pile Penetration Length လျော့နည်းမှုများ ဖြစ်ပေါ်ခဲ့ပါက Working Pile Load Test နှင့် Piling ဆောင်ရွက်သည့် Actual Test Pile Length တို့သည် Foundation Design Requirement (Geotechnical and Structure) အရ ကိုက်ညီမှု ရှိ / မရှိ ပြန်လည် စစ်ဆေးတင်ပြရန်နှင့် လိုအပ်သော Pile Penetration Length ရရှိရန်အတွက် MNBC တွင် သတ်မှတ်ထားသော Pre Excavation Method (Pre Bore Method) ဖြင့် ဆောင်ရွက်ရန် အကြောင်းကြားပါသည်။