၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်း pile လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အကြောင်းကြားစာနှင့်အတူ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲ တင်ပြ၍ လျှောက်ထားရပါသည်-
(၁) Company Profile
(၂) Company Organization Chart
(၃) Code of Practice and Specification
(၄) Personal Experience in Piling Work
(၅) List of Equipments and Specifications
(၆) Method of Statement for Piling Work
(၇) Company Experience
(၈) Responsibility for Piling Work
(၉) Quality Control System
(၁၀) Safety Plan
၂။ ဆက်လက်၍ တင်ပြလာသောအချက်အလက်များကို CQHP တွင် Presentation ပြုလုပ်ရပါမည် ဖြစ်ပါသည်။ ထို့နောက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး သွားလာမှု များကို ကုမ္ပဏီများမှ တစ်ခုချင်းသော်လည်းကော်း ၊ စုပေါင်း၍သော်လည်းကောင်း စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။