Code of Conduct

ပညာရှင်အားလုံးသည် ဤကျင့်ထုံးတွင် ပြဌာန်းထားသည့် စံနှုန်းများကိုလိုက်နာပြီး တာဝန်ခံမှုရှိရမည် ။

စံနှုန်း(၁)   ရိုးသားမှုနှင့် ဂုဏ်သိက္ခာရှိမှု

          ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့နှင့် ပညာရှင်တို့သည် ပွင့်လင်းမြင်သာမှု ၊ ရိုးသားမှု ၊ သိက္ခာသမာဓိရှိမှု စသည်တို့အတွက် အမြင့်ဆုံးစံနှုန်းများကို လက်ကိုင်ထား ဆောင်ရွက်သွားရန် တာဝန်ရှိသည် ။

၁.၁။    ရိုးသားမှုနှင့်ပွင့်လင်းမြင်သာမှုရှိရန် ။

၁.၂။    ယုံကြည်စိတ်ချအားထားရပြီး အမှီအခိုကင်းစွာလုပ်ဆောင်ခြင်း ၊ အားလုံးကို မျှတစွာ တန်းတူဆက်ဆံခြင်း ။

၁.၃။    ပညာရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အမူအကျင့်များသည် အခြားပုဂ္ဂိုလ် တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းတို့၏ ကိုယ်ရေးကိုယ်တာ ၊ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာ တို့ကို အစဉ်လေးစားမှုရှိခြင်း ။

၁.၄။    အတွင်းရေးနှင့် လျှို့ဝှက်ချက်များကိုလေးစားခြင်း ။

၁.၅။    အကျိုးစီးပွားဝိရောဓိကို တရားဝင်ကြေညာပြီး ပတ်သက်ဆက်နွယ်မှု မရှိအောင် စီမံဆောင်ရွက်ခြင်း ။

၁.၆။    လိမ်လည်လှည့်ဖျားခြင်းကိုရှောင်ကြဉ်ပြီး ပညာရှင်မပီသသော အပြုအမူ (သို့မဟုတ်) အကျင့်ပျက်ခြစားမှုများမှ ကာကွယ်ရန်ဆောင်ရွက်ခြင်း ။

၁.၇။   အခြားသူများ၏ ဩဇာလွှမ်းမိုးမှု ၊ ပုဂ္ဂိုလ်ရေး (သို့မဟုတ်) ငွေကြေးဝိရောဓိဖြစ်မှု ၊ မက်လုံးပေးမှု ၊ ဘက်လိုက်မှု ၊ လာဘ်ပေးလာဘ်ယူမှုတို့ကြောင့် ပညာရပ်ဆိုင်ရာ စီရင် ဆုံးဖြတ်ချက်များကို လွှမ်းမိုးပြင်ဆင်ခြင်း မပြုလုပ်ရန် ။

၁.၈။    မိမိတို့၏ ပညာရှင်အရည်အသွေးဖြင့် မှန်ကန်ပြီး ဓမ္မဓိဌာန်ကျသော  ထုတ်ပြန်ချက် များထုတ်ပြန်ခြင်း ။

၁.၉။    မိမိဆောင်ရွက်လျှက်ရှိသည့် ပညာရပ်၏ ဂုဏ်သိက္ခာကို အစဉ်စောင့်ထိန်းခြင်း ။

၁.၁၀။  သိလျက်နှင့်လှည့်စားခြင်း(သို့မဟုတ်)အခြားသူများကိုလှည့်စားခြင်းကိုခွင့်မပြုရပါ။

စံနှုန်း(၂)   အသက်အိုးအိမ်စည်းစိမ် ၊ ဥပဒေ ၊ သဘာဝပတ်ဝန်းကျင် ၊ အများပြည်သူကောင်းကျိုး များ အလေးထားမှု ။

          မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူတို့ကို ကာကွယ်စောင့်ရှောက်မှုအတွက် ပြည်သူတို့၏ ယုံကြည်မှုရရှိရန် တာဝန်ရှိသည် ။

၂.၁။    အများပြည်သူတို့၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးခြင်း ။

၂.၂။    အသုံးပြုသူများ၏ အခွင့်အရေးကို ကာကွယ်ခြင်း ။

၂.၃။    တည်ဆဲဥပဒေ ၊ စည်းမျဉ်းစည်းကမ်း ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း ။

၂.၄။    အများပြည်သူကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အဓိကထားပြီး

ဘေးအန္တရာယ်မရှိအောင် သတိပြုဆောင်ရွက်ခြင်း ။

၂.၅။    မိမိတို့လုပ်ရပ်သည် တရားမျှတပြီး ဥပဒေနှင့်ညီညွတ်ကြောင်း တိကျသေချာစေ ခြင်း ။

၂.၆။    ပုဂ္ဂိုလ်ရေးအချက်အလက်နှင့်  ဉာဏပစ္စည်းပိုင်ဆိုင်မှုကို လေးစားကာကွယ်မှု ပေး ခြင်း ။

၂.၇။    အကန့်အသတ်နှင့်သာရနိုင်သော သဘာဝအရင်းအမြစ်ကို သုံးစွဲရာတွင် တည်ဆောက်ထားမှုနှင့် သဘာဝအရတည်ရှိသော ပတ်ဝန်းကျင်အရည်အသွေးကို ကာကွယ်ခြင်းနှင့် တိုးတက်မှုရှိအောင် မျှော်မှန်းဆောင်ရွက်ခြင်း ။

၂.၈။    အောင်မြင်သော မျိုးဆက်သစ်များ ရရှိပိုင်ဆိုင်နိုင်ရန် ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို အမြင့်ဆုံးရရှိစေပြီး ဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် လျော့ကျစေခြင်း ။

စံနှုန်း(၃)   စွမ်းဆောင်နိုင်မှု ၊ တိကျသေချာမှု ၊ ခိုင်မာပြတ်သားမှု

          အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့နှင့် ပညာရှင်များသည် ၎င်းတို့၏အခန်းကဏ္ဍအလိုက် လုပ်ငန်းများကို စွမ်းဆောင်နိုင်မှုနယ်ပယ် အတွင်းဆောင်ရွက်ရာတွင် ပညာရပ်ဆိုင်ရာနားလည်မှု နှင့် ကျွမ်းကျင်မှုရရှိစေရန် ၊ သဘောပေါက် နားလည်မှုနှင့် လုပ်ဆောင်နိုင်စွမ်းရှိမှုတို့ ရရှိစေရန်အတွက် လေ့လာဆည်းပူး ရယူလုပ်ဆောင်သွား ရန် တာဝန်ရှိသည် ။

၃.၁။    လုပ်ငန်းများကို မိမိပညာရပ်နှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုဖြင့် စေ့စပ်သေချာစွာ ဂရုစိုက်ဆောင်ရွက်သွားရန် ။

၃.၂။    မိမိနားလည်တတ်ကျွမ်းသော ပညာရပ်နယ်ပယ်အတွင်း (သို့မဟုတ်) ကျွမ်းကျင် သောပညာရှင်၏လက်အောက်တွင် လုပ်ဆောင်၍သာ ဝန်ဆောင်မှုပေးရန် ။

၃.၃။    ခေတ်မှီနည်းပညာနှင့် ကျွမ်းကျင်မှုတို့ ရှိနေစေရန် ။

၃.၄။    အခြားသူတို့၏ အသိပညာရပ်ကျွမ်းကျင်မှု တိုးတက်မှုရှိစေရေး ကူညီပေးရန် ။

၃.၅။    ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုကို သတ်မှတ်သည့်အတိုင်းသုံးသပ်စိစစ်ပြီး အတည်ပြုချက် ရယူထားရန် ။

၃.၆။    အကျိုးအကြောင်းဆီလျော်သည့် အခြားအမြင်များကိုလည်း လေးစားပြီး ရိုးသား တိကျစွာ ဓမ္မဓိဋ္ဌာန်ကျကျ သီအိုရီ ၊ အထောက်အထားများဖြင့်သုံးသပ်ဖော်ပြရန် ။

၃.၇။   အန္တရာယ်များကို ခွဲခြားသတ်မှတ်ခြင်း ၊ အကဲဖြတ်ခြင်း ၊ အရေအတွက် သတ်မှတ် ခြင်း ၊ လျော့နည်းစေခြင်းနှင့် စီမံခန့်ခွဲခြင်း ။

စံနှုန်း(၄)   ဦးဆောင်မှု ၊ ဆက်သွယ်ပြောဆိုမှုနှင့် ညွှန်ကြားမှုတို့အတွက် တာဝန်ယူခြင်း ။

          အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့နှင့် ပညာရှင်များသည် အခြားသူများအတွက် စံနမူနာဖြစ်စေရန် ၊  ပုဂ္ဂိုလ်ရေးဆောင်ရွက်မှု ၊ ခေါင်းဆောင်မှု နှင့် ကျင့်ဝတ်လိုက်နာမှု ၊ ရှင်းလင်းသည့်ညွှန်ကြားမှုနှင့် ဆက်သွယ်ရေးတို့ကို ပြသရန် တာဝန်ရှိသည် ။

၄.၁။    လူ့အဖွဲ့အစည်းအတွက် တည်ဆောက်ထားသောပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေ သည့် ပြဿနာများကို သိရှိနားလည်ပြီး ထိရောက်စွာကိုင်တွယ်ရန် ။

၄.၂။    အခြားသူများ၏ အမြင်များကိုလေးစားပြီး တန်းတူညီမျှမှု ၊ မတူကွဲပြားမှုနှင့် -ပူပေါင်းပါဝင်နိုင်မှုတို့ကို မြှင့်တင်ရန် ။

၄.၃။    လုပ်ငန်းကဏ္ဍ၏ နယ်ပယ်သစ်အတွက် သင်ယူခြင်း ၊ ပြီးမြောက်အောင်မြင်ခြင်းနှင့် ဆန်းသစ်ထီထွင်ခြင်းများဖြင့် ရရှိလာမည့် သက်ရောက်မှုနှင့် အကျိုးကျေးဇူးများ အတွက် အများပြည်သူသိရှိနားလည်စေရေး မြင့်တက်လာရန် ဆောင်ရွက်ပေးခြင်း။

၄.၄။    မိမိတို့၏ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်ဖြင့် ထုတ်ပြန်သောကြေညာချက်များ သည် အချက်အလက်များအခြေခံ၍ ဓမ္မဓိဋ္ဌာန်ကျပြီး မှန်ကန်မှုရှိရမည် ။

၄.၅။    စိန်ခေါ်မှုရှိသည့် မူဝါဒ (သို့မဟုတ်) ထုတ်ပြန်ချက်များသည် မိမိတို့၏ ပုဂ္ဂိုလ်ရေး (သို့မဟုတ်) ပညာရပ်ဆိုင်ရာများအပေါ်တွင် သက်ရောက်မှုရှိသည်ကို သတိပြုရန် ။

၄.၆။    ပြဿနာများ ဖော်ထုတ်ရန် အခြားသူများကို ပံ့ပိုးပေးရန် ။

၄.၇။   အခြားသူများသည် ၎င်းတို့၏စွမ်းဆောင်ရည်အတွင်း လုပ်ဆောင်နေကြောင်း သေချာစေရန်။

၄.၈။    အချက်အလက်များ စစ်ဆေးခြင်းအတွက် တာဝန်ယူရန် ။

စံနှုန်း(၅)   နည်းပညာ ၊ လုပ်ငန်းဆောင်ရွက်နေသူများနှင့် ဂုဏ်သိက္ခာအတွက် တာဝန်ယူမှု ။

          အဆင့်မြင့်နည်းပညာများဖြင့် ဂုဏ်သိက္ခာရှိစွာ ဝန်ဆောင်မှုပေးခြင်းများကို ထိန်းသိမ်းသွား ရန် တာဝန်ရှိသည် ။

၅.၁။    အဆောက်အအုံ ပိုင်ဆိုင်သူ/ဝယ်ယူသူ/နေထိုင်သူများနှင့် စစ်ဆေးလွှဲပြောင်း လက်ခံမှုများတွင် တရားဝင်ဖြစ်မှုကို ကာကွယ်ပေးနိုင်ရန်အတွက် စီးပွားရေး ဆိုင်ရာ ကျင့်ထုံးများကို လိုက်နာရမည်။

၅.၂၊    အမြတ်အစွန်း (သို့မဟုတ်) အပိုရရှိလိုမှုများအတွက် တည်ဆောက်မှုအရည်အသွေး လျော့ခြင်း (သို့မဟုတ်) နည်းပညာဆိုင်ရာ စံချိန်စံနှုန်းများ လျော့နည်းသုံးစွဲခြင်း မရှိရန် သေချာစေရေး။

၅.၃။    မိမိတို့အားလုံးသည် ဝန်ဆောင်မှုပေးရန်အတွက် လုံလောက်သည့် အရင်းအမြစ်များ ရှိရန်လိုအပ်ပြီး မိမိတို့လုပ်ဆောင်နေသည့် အလုပ်အကိုင်များနှင့်ကိုက်ညီသော သင့်လျော်သည့် အရည်အချင်း ၊ လက်တွေ့ကျသည့် အသိပညာ ၊ လုံလောက်သည့် အတွေ့အကြုံ ၊ လက်တွေ့ပြနိုင်သည့်စွမ်းဆောင်ရည်များ ရှိစေရန်သေချာစေရပါ မည်။ သက်ဆိုင်သည့်ကျွမ်းကျင်မှုနှင့် အရင်းအမြစ်များကို ပေါင်းစပ်ပြီးမိမိတို့ လုပ်ငန်း အထောက်အကူရရေးအတွက် လုပ်ဖော်ကိုင်ဖက်အားလုံးနှင့် တက်ကြွစွာ ဆောင်ရွက်စေရန်။

၅.၄။    မိမိတို့၏တာဝန်အတွက် ဆုံးဖြတ်ချက်နှင့် ကိုယ်စားလွှဲအပ်ထားသူများ၏ ဆုံးဖြတ် ချက်များအတွက် တာဝန်ယူရန်။

၅.၅။    တောင်းဆိုမှုအရ တိုင်ကြားမှုကို လက်ခံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ် ဆေးရန်။

၅.၆။    အဆောက်အအုံစီမံခန့်ခွဲမှု ကြီးကြပ်အဖွဲ့အစည်း (သို့မဟုတ်) တာဝန်ပေးအပ်ထား သည့်အဖွဲ့အစည်းများမှ တောင်းဆိုလာပါက ဆောင်ရွက်ခဲ့မှုနှင့် သတင်းအချက် အလက်များကို သဘောတူညီမှုဖြင့် ပေးအပ်ရန်။

၅.၇။   မည်သည့်ပြည်သူ့ဆက်ဆံရေး (သို့မဟုတ်) လူမှုမီဒီယာများကို အသုံးပြုသည့်အခါ မှားယွင်းသော ထုတ်ပြန်ချက်များ (သို့မဟုတ်) စိတ်အနှောင့်အယှက်ဖြစ်စေသော ထုတ်ပြန်ချက်များကို ရှောင်ရှား၍ အချက်အလက်များကို အခြေခံသည့် သင့်တင့် မျှတ၍ လေးစားမှုရှိသည့် ထုတ်ပြန်ချက်များဖြစ်စေရန်။

The Committee for Quality Control of High-Rise Building Construction Projects (CQHP) was established in Myanmar on August 11, 2003, with nine members, including an architect and eight structural engineers. Reforms in 2004 and 2007 expanded the committee’s expertise to include mechanical, geotechnical, water, sanitation, and electrical engineering. Subsequent changes in 2015 and 2016 adjusted membership numbers and roles within the committee. In 2019, the CQHP was restructured into the High-Rise and Public Building Projects Committee (HPBC), which saw further expansions and publications. By 2024, the HPBC had twenty-seven members and employed thirty-four staff, overseeing various construction projects in Myanmar.

© 2025 HIGH-RISE AND PUBLIC BUILDING PROJECTS COMMITTEE​