External Inspection Expert Team

External Inspector ဆိုသည်မှာ Professional Engineer များဖြင့် ဖွဲ့စည်း ထားသော သီးခြားလွတ်လပ်သည့်အဖွဲ့အစည်း တစ်ရပ် (External Inspection Expert Team) ဖြစ်သည်။ ဆောက်လုပ်ရေးကုမ္ပဏီမှ သင့်လျော်သည့်နှုန်းထားများဖြင့် ညှိနှိုင်းစစ်ဆေးရန် စာချုပ်ချုပ်ဆို ငှားရမ်းထားသောအဖွဲ့အစည်းဖြစ်သည်။

External Inspector များသည် အထပ်မြင့်နှင့်အများ ပြည်သူသုံးအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) ကိုယ်စား လုပ်ငန်းခွင်၏ ရုံးလုပ်ငန်းနှင့် လုပ်ငန်းစဉ်ကိုလည်းကောင်း၊ မှတ်တမ်းနှင့်ရလာဒ်များကိုလည်းကောင်း၊ လုပ်ငန်းခွင်၏အခြေအနေအရပ်ရပ်ကိုလည်းကောင်း လုပ်ငန်းခွင်သုံးပစ္စည်းများ၏သိုလှောင်ထားရှိမှုနှင့် အရည်အသွေးကိုလည်းကောင်း စစ်ဆေးပြီးလျှင် တွေ့ရှိချက်များကို အကြံပြုချက်နှင့်တကွ အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) နှင့် သက်ဆိုင်ရာ စီမံကိန်းကုမ္ပဏီတို့ သို့အစီရင်ခံရမည်ဖြစ်သည်။

ကုမ္ပဏီသည် အစီရင်ခံစာပါအကြံပြုချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ထိုအစီရင်ခံစာများကိုလည်းကောင်း၊ အကြံပြုချက်အတိုင်း ဆောင်ရွက်ထားသော ဆောင်ရွက်ချက်များကိုလည်းကောင်း မှတ်တမ်းပြု၍ လုပ်ငန်းခွင်အတွင်း ထားရှိရမည်။

External Inspector များသည် လုပ်ငန်းဖွဲ့စည်းပုံ၊ လုပ်ထုံးလုပ်နည်း၊ စာရင်းဇယား ထိန်းသိမ်းမှုနှင့် လုပ်ငန်းအရည်အသွေးတို့ကို စစ်ဆေး၍ လိုအပ်သော အစီရင်ခံမှုများ ပြုလုပ်ရမည် ဖြစ်ပါသည်။

External Inspector များသည် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ပုံမှန် သွားရောက်ပြီး အောက်ပါ လုပ်ငန်းရပ်များကို ဆောင်ရွက်ကြရမည်။

(က) လုပ်ငန်း၏ တိုးတက်မှုနှင့် အရည်အသွေးကို စံချိန်စံညွှန်းနှင့်အညီ စစ်ဆေးခြင်း၊

(ခ) သက်ဆိုင်ရာမှ ခွင့်ပြုထားသော Structural Drawing များ၊ Architectural Drawing များ၊ ဌာနဆိုင်ရာနှင့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဆောင်ရွက်ခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊

(ဂ) လုပ်ငန်းလျာထားချက်အတိုင်း ပြီးစီးမှုရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊

(ဃ) ကန်ထရိုက်တာနှင့် လုပ်ငန်းကြီးကြပ်သူများအား ကူညီ၍ ပုံစံနှင့် စံချိန်စံညွှန်းများ သတ်မှတ်ချက်များကို အဓိပ္ပာယ်ဖွင့်ဆိုပေးခြင်း၊

(င) လိုအပ်ပါက လုပ်ငန်းခွင်အစည်းအဝေးများသို့ တက်ရောက်ခြင်း၊

(စ) ကန်ထရိုက်စာချုပ်ပါ လိုအပ်ချက်အတိုင်း ပြုလုပ်သော စမ်းသပ်မှုများအား ကြည့်ရှုစစ်ဆေးခြင်း၊

(ဆ) မိမိတာဝန်ဝတ္တရားများကို ထမ်းဆောင်သည့် လုပ်ဆောင်ချက်များနှင့် စာရွက်စာတမ်းများ၊ အချက်အလက်များအား မှတ်တမ်းပြုစုထားခြင်း၊

(ဇ) အသေးစိတ်လုပ်ငန်း အစီအစဉ်အပါအဝင် နောက်ဆုံး အတည်ပြုထားသည့် ပြည့်စုံသော ပုံစံများနှင့် စံချိန်စံညွှန်း သတ်မှတ်ချက်များကို ထိန်းသိမ်းထားရှိခြင်း၊

(ဈ) လုပ်ငန်းဆောင်ရွက်မှုများ၊ ရာသီဥတုအခြေအနေ အပါအဝင် လေ့လာအကဲဖြတ် ချက်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်မှုနှင့် လာရောက်သည့် ရည်ရွယ်ချက်၊ ပြုလုပ်ခဲ့သည့် စစ်ဆေးမှုများ၏ မှတ်တမ်းဇယားစသည်တို့အပြင် လုပ်ငန်းများ မည်သို့မည်ပုံရှေ့ဆက် လုပ်ဆောင်နေသည် (သို့မဟုတ်) စီမံဆောင်ရွက်နေသည် တို့ကို ထင်ဟပ်စေမည့် မိမိ၏လေ့လာအကဲဖြတ်ချက်များ အစရှိသည်တို့နှင့် သက်ဆိုင်သည့် ဒိုင်ယာရီ (သို့မဟုတ်) မှတ်တမ်းစာအုပ်ထားရှိခြင်း၊

(ည) လုပ်ငန်းခွင်သုံးပုံစံ (Shop Drawing) များကို ပြန်လည်သုံးသပ်ခြင်း၊ ပစ္စည်းများ၏ နမူနာနှင့် ထုတ်လုပ်မှုဆိုင်ရာ သတင်းအချက်အလက်များ (Product Information and Sample) စုဆောင်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ဋ) တည်ဆောက်မှုမှတ်တမ်းနှင့် ပုံစံများ (As-built Drawing) များအား အင်ဂျင်နီယာ စည်းမျဉ်း၊ စည်းကမ်းများနှင့် တိုက်ဆိုင်၍ အခါအားလျော်စွာ စစ်ဆေးခြင်း၊

(ဌ) အင်ဂျင်နီယာလုပ်ငန်းအမျိုးအစားပေါ်မူတည်၍ တည်ဆောက်မှုအစိတ်အပိုင်း တစ်ခုချင်းကို ကန်ထရိုက်စာချုပ်ပါအချက်များ၊ Design အင်ဂျင်နီယာ၏ စံချိန် စံညွှန်းများ၊ ပိုင်ရှင်၏ လိုအပ်ချက်များစသည်တို့နှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးပေးခြင်း

စသည့်အချက်များကို External Inspector များသည် ဆောင်ရွက်ကြရမည် ဖြစ်သည်။

EIET

Logo - Great Quality First

Great Quality First

Logo 1 - Wai Yan Oo

SKA

WAE Logo - Su Su Hlaing

WAE

ZEC

Effective Life

Top Engineering Background White - TOP Engineering Consultants International

TOP

INTEG

New Pyae Sone

Best Link

Boston Co.,Ltd

K-Experts Limited

MAA Consultants (Myanmar)

Mandalay Strength

MICEG

Unity and Strength

Zay Minn

Logo - Great Quality First

Great Quality First

Logo 1 - Wai Yan Oo

SKA

WAE Logo - Su Su Hlaing

WAE

ZEC

Effective Life

Top Engineering Background White - TOP Engineering Consultants International

TOP

INTEG

New Pyae Sone

Best Link

Boston Co.,Ltd

K-Experts Limited

MAA Consultants (Myanmar)

Mandalay Strength

MICEG

Unity and Strength

Zay Minn

Logo - Great Quality First

Great Quality First

Logo 1 - Wai Yan Oo

SKA

WAE Logo - Su Su Hlaing

WAE

ZEC

Effective Life

Top Engineering Background White - TOP Engineering Consultants International

TOP

INTEG

New Pyae Sone

Best Link

Boston Co.,Ltd

K-Experts Limited

MAA Consultants (Myanmar)

Mandalay Strength

MICEG

Unity and Strength

Zay Minn