Notification

40 News Posts

Piling , Pile Load Test လုပ်ငန်းများအတွက် ညွှန်ကြားချက်ထုတ်ပြန်ခြင်း။

Reg: O - ၄၅၄/CQHP/၂၀၁၅

၁။ Working Pile အားလုံး၏ C/C Spacing သည် အနည်းဆုံး 2.5D ထားရှိရန်သတ်မှတ်သည်။ ၂။ Ultimate Pile Load Test ပြုလုပ်ရာတွင် Test Pile နှင့် Anchor Pile ကြား C/C Spacing သည် 3D Clear Spacing ရှိရန်သတ်မှတ်သည်။ Working Pile Load Test ပြုလုပ်ရာတွင် Test Pile နှင့် Anchor Pile ကြား C/C Spacing သည် 2.5D Clear Spacing ရှိရန်သတ်မှတ်သည်။ အရွယ်အစားမတူသော Pile Diameter များကို အသုံးပြုထားပါက အကြီးဆုံး Pile ၏ […]

Pile လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားလာခြင်းအား ထောက်ခံချက် ပေးနိုင်ပါရန်ကိစ္စ။

Reg: O - ၅၄၇/CQHP/၂၀၁၆

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်း pile လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အကြောင်းကြားစာနှင့်အတူ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲ တင်ပြ၍ လျှောက်ထားရပါသည်- (၁) Company Profile (၂) Company Organization Chart (၃) Code of Practice and Specification (၄) Personal Experience in Piling Work (၅) List of Equipments and Specifications (၆) Method of Statement for Piling Work  (၇) Company Experience  […]

Soil Investigation ကုမ္ပဏီများမှ မိမိတို့ကုမ္ပဏီနှင့် သက်ဆိုင်သော အချက်အလက်များ ပေးပို့ရန်ကိစ္စ။

Reg: O - ၁၉၉/ CQHP/၂၀၁၃

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံတည်ဆောက် ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့အနေဖြင့် Soil Investigation လုပ်ငန်းဆိုင်ရာ အရည်အသွေးပိုမိုတိုးတက်စေရေးအတွက် Soil Investigation ကုမ္ပဏီများ၏ လက်ရှိဆောင်ရွက် နိုင်သော Test များ ၊ လိုက်နာဆောင်ရွက်လျက်ရှိသော Specification များ ၊ Testing Equipment များအား လေ့လာသိရှိရန် လိုအပ်လျက်ရှိပါသည် ။ ၂။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ ကုမ္ပဏီနှင့်သက်ဆိုင်သော အောက်ပါအချက်အလက်များ ပါဝင်သည့် စာတမ်းတစ်စောင်ပြုစုရေးသားပြီး အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ ပေးပို့နိုင်ပါရန် အကြောင်းကြားပါသည်- (က) Company Profile ( ခ ) Company Organization Chat နှင့် ဝန်ထမ်းအင်အား ( ဂ ) Testing Method, Specification […]

Press Piling လုပ်ငန်းတွင် Pile Penetration Depth နှင့်ပတ်သက်၍ လိုအပ်သည်များကိုဆောင်ရွက်ရန် အကြောင်းကြားခြင်း။

Reg: O - ၁၆၇/HPBC/၂၀၂၅

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ တင်ပြလာသော  အထပ်မြင့်အဆောက်အအုံများ၏ Foundation Design System တွင် Press Piling ဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများပါရှိပါသည်။ အဆိုပါ စီမံကိန်းများ၏ Pile Installation ဆောင်ရွက်ရာတွင် Working Load Test ဆောင်ရွက်ခဲ့သည့် Actual Test Pile Length နှင့် Piling လုပ်ငန်းဆောင်ရွက်သည့်   Pile Installation Length တို့သည် Designer မှ တွက်ချက် တင်ပြ ထားသည့် Estimated Pile Length ထက်များစွာလျော့နည်းနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၂။ ထိုကဲ့သို့ Pile Penetration Length လျော့နည်းမှုများ ဖြစ်ပေါ်ခဲ့ပါက Working […]

Soil Investigation လုပ်ငန်းများအား Engineer Guideline များအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးအဖွဲ့သို့ Design စစ်ဆေး ရန်တင်ပြလာသော Project များတွင် လုပ်ငန်းဆောင်ရွက်နေသော Soil Investigation Company များအနေဖြင့် Soil Investigation လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ Engineer Guideline ဖြင့်ဆောင်ရွက်ရန်နှင့် Myanmar National Building Code 2020 Article (4.2) တွင်ဖော်ပြပါရှိသော Geotechnical Investigation သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန် ၊ Standard Operation Procedure များဆောင်ရွက်ရာတွင် Reference Code of Practice နှင့် HPBC Guideline များအတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားအပ်ပါသည်။

Deep Excavation Design ၏ တွက်ချက်မှုများနှင့် Drawing များတွင် P.E (Structure) (သို့) P.E (GEO) လက်မှတ်ထိုးခြင်းနှင့်ပတ်သက်၍ အကြောင်း ကြားခြင်းကိစ္စ။

Reg: O - ၀၂၃/CQHP/၂၀၁၇

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီများမှ ဆောက်လုပ်မည့် အထပ်မြင့်အဆောက်အအုံများတွင် Basement (၁) ထပ် အထိတင်ပြသော Deep Excavation Design ၏ တွက်ချက်မှုများနှင့် Drawing များတွင် P.E (Structure) ၏ လက်မှတ်သာ ပါရှိရန်လိုအပ်မည် ဖြစ်ပြီး ၊ Basement (၂) ထပ်နှင့်အထက် တင်ပြသော Deep Excavation Design ၏ တွက်ချက်မှုများနှင့် Drawing များတွင် P.E (GEO) လက်မှတ်လိုအပ်မည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။  

Ultimate Pile Load Test နှင့် Working Pile Load Test ဆောင်ရွက်ရာတွင် Pile Integrity Test စမ်းသပ် ပြီးမှဆောင်ရွက်သင့်ကြောင်း အကြံပြုအကြောင်းကြားခြင်းကိစ္စ။

Reg: O - ၂၆၇/HPBC/၂၀၂၅

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍  အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) မှ Piling လုပ်ငန်း များ မကြန့်ကြာစေရန်အတွက် Pile Load Test နှင့်ပတ်သက်၍ စနစ် (၂) ခု မှ ကြိုက်နှစ်သက်ရာစနစ်ကို ပြုလုပ်နိုင်ရန် ရည်ညွှန်းချက်ပါစာဖြင့် ကုမ္ပဏီများသို့ အကြောင်းကြား ခဲ့ပါသည်။ ဆက်လက်၍ Ultimate Pile Load Test နှင့် Working Pile Load Test များ ဆောင်ရွက်ရာ၌ တစ်ခါတစ်ရံတွင် Test Pile များ၏ အရည်အသွေး မပြည့်ဝမှုကြောင့် လုပ်ငန်း ကြန့်ကြာမှုနှင့် ဆုံးရှုံးမှုများဖြစ်ပေါ်သည်ကို တွေ့ရှိရသောကြောင့် အချိန်နှင့်ငွေဆုံးရှုံးမှုများ သက်သာနိုင်စေရန် Pile Load Test များ မဆောင်ရွက်မီ Pile […]