Notification

39 News Posts

Soil Investigation ကုမ္ပဏီများနှင့် ပတ်သက်၍ သိရှိစေရန် အ‌ကြောင်းကြားခြင်း။

Reg: O - ၀၂၄/CQHP/၂၀၁၇

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁၉.၁၂.၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၆၈/၂၀၁၆) ဆုံးဖြတ်ချက်အရ Soil Investigation လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်ညွှန်ကြားခဲ့သော CQHP Guideline III Geotechnical Investigation Sep, 2003 ၌ ဖော်ပြထားသောအချက်များအပြင် ပူးတွဲပါအချက်များ ဖြည့်စွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ပူးတွဲပါ – လိုက်နာဆောင်ရွက်ရန်အချက်များ   ( ၂ ) စောင် 

Pile လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားလာခြင်းအား ထောက်ခံချက် ပေးနိုင်ပါရန်ကိစ္စ။

Reg: O - ၅၄၇/CQHP/၂၀၁၆

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်း pile လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အကြောင်းကြားစာနှင့်အတူ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲ တင်ပြ၍ လျှောက်ထားရပါသည်- (၁) Company Profile (၂) Company Organization Chart (၃) Code of Practice and Specification (၄) Personal Experience in Piling Work (၅) List of Equipments and Specifications (၆) Method of Statement for Piling Work  (၇) Company Experience  […]

အထပ်မြင့် အဆောက်အအုံများ၏ Piling လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ညွှန်ကြားချက်ထုတ်ပြန်ခြင်း။

Reg: O - ၃၀၅/CQHP/၂၀၁၆

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ယခုအခါအထပ်မြင့်အဆောက်အအုံများ၏ Piling လုပ်ငန်းဆောင်ရွက်ရာတွင် Test Pile များပြုလုပ်သော ကုမ္ပဏီနှင့် အဆောက်အအုံ၏ လက်ကျန် Pile များကို ပြုလုပ်သော ကုမ္ပဏီမှာ ကွဲလွဲမှုများရှိနေသည်ကို တွေ့ရှိရပါသည်။ ၂။ Test Pile များနှင့် အဆောက်အအုံ၏လက်ကျန် Pile များအား ပြုလုပ်သော ကုမ္ပဏီများ ကွဲလွဲနေမှုများသည် Pile များ၏ Quality ကို ကွဲလွဲမှုရှိနိုင်ပါသည်။ ၃။ သို့ဖြစ်ပါ၍ Test Pile ပြုလုပ်သော ကုမ္ပဏီကိုသာ အဆောက်အအုံ၏လက်ကျန် Pile များကို ဆက်လက်ပြုလုပ်ရန်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။  

အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများတွင် အသုံးပြုနေသော Reinforcing Bar Coupler များစမ်းသပ်စစ်ဆေးခြင်းကိစ္စအား ညွှန်ကြားချက်ထုတ်ပြန်ခြင်း

Reg: O - ၆၀၈ / CQHP / ၂၀၁၅

၁။                Reinforcing Bar များအားစမ်းသပ်စစ်ဆေးရာတွင် သံချောင်းလုံးများ၏ Actual Bar Diameter ၊ Unit Weight Per Length ၊ Yield Strength ၊ Tensile Strength ၊ Percentage of Elongation စသည်တို့ကို တိကျစွာစမ်းသပ်ဖော်ပြပေးရန်ဖြစ်ပါသည်။ အထူးသဖြင့် Testing Laboratory များအနေဖြင့် Actual Bar Diameter နှင့် Unit Weight Per Length တို့ကို တိကျစွာစမ်းသပ်တိုင်းတာဖော်ပြပေးရန် ဖြစ်ပါသည်။ ၂။                 အသုံးပြုသော Reinforcing Bar များမှာ မူလ Design တွင်ဖော်ပြထားသည့် Diameter အတိုင်းမဟုတ်ဘဲ Diameter အနည်းငယ်လျော့နည်းသော Rebar များအသုံးပြု နေကြသည်ကို […]

အဆောက်အအုံတစ်ခုတည်းအတွင်းမတူညီသော Design Compressive Strength သုံးစွဲထားခြင်းကိစ္စအား ညွှန်ကြားချက်ထုတ်ပြန်ခြင်း

Reg: O - ၆၀၇ / CQHP / ၂၀၁၅

၁။                အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ယခုအခါ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် Design တွက်ချက်ရာတွင် Vertical Member များနှင့် Horizontal Member များအတွက် Concrete ၏ Compressive Strength အား Grade (၂) မျိုး ခွဲခြား၍ Design တွက်ထားသည်ကို တွေ့ရှိရပါသည်။ ၂။                 ယင်းကဲ့သို့သော အဆောက်အအုံများအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ Vertical Member များနှင့် Horizontal Member များဆုံသည့် နေရာများတွင် အနည်းဆုံး Punching Area ကျော်လွန်သည်အထိ Grade မြင့်သော Concrete ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပါသည်။ (ဥပမာ – Column သည် Grade 40 ဖြစ်၍ Beam […]

Piling , Pile Load Test လုပ်ငန်းများအတွက် ညွှန်ကြားချက်ထုတ်ပြန်ခြင်း။

Reg: O - ၄၅၄/CQHP/၂၀၁၅

၁။ Working Pile အားလုံး၏ C/C Spacing သည် အနည်းဆုံး 2.5D ထားရှိရန်သတ်မှတ်သည်။ ၂။ Ultimate Pile Load Test ပြုလုပ်ရာတွင် Test Pile နှင့် Anchor Pile ကြား C/C Spacing သည် 3D Clear Spacing ရှိရန်သတ်မှတ်သည်။ Working Pile Load Test ပြုလုပ်ရာတွင် Test Pile နှင့် Anchor Pile ကြား C/C Spacing သည် 2.5D Clear Spacing ရှိရန်သတ်မှတ်သည်။ အရွယ်အစားမတူသော Pile Diameter များကို အသုံးပြုထားပါက အကြီးဆုံး Pile ၏ […]

အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ လိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားခြင်း

Reg: O - ၄၆၁ / CQHP / ၂၀၁၄

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် အောက်ပါအချက်များအား မပျက်မကွက်ဆောင်ရွက်ရန် အကြောင်းကြားပါသည်- ၁။      Design Structural Analysis ပြုလုပ်ရာတွင် Dynamic Analysis ဖြင့် ဆောင်ရွက်ရန်။ ၂။       Construction Rebar လုပ်ငန်းဆောင်ရွက်ရာတွင် Stirrups and Hoops များအား 135 Degree ကွေးရန်။ ၃။      Piling Piling Installation လုပ်ငန်းဆောင်ရွက်ရာ၌ Piling Record တွင် Pile Eccentricity များကိုပါ ပူးတွဲတင်ပြရန်။      

Jack-in Pile ၏ Installation Depth အား သတ်မှတ်ခြင်း။

Reg: O - ၄၀၁/CQHP/၂၀၁၄

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁.၈.၂၀၁၄)ရက်နေ့တွင် အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၌ ကျင်းပပြု လုပ်သော Members of  CQHP နှင့် Technical Consultative Group တို့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ CQHP သို့တင်ပြလာသော Pile Load Test လုပ်ငန်းများတွင် Jack-in Pile ၏ Installation Depth အား အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်လိုက်ပါသည်။ ယခုသတ်မှတ်ချက် အား အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင် အဖွဲ့သို့ ၂၀၁၄ ခုနှစ် ၊ ဩဂုတ်လတွင် စတင်တင်ပြလာသည့် စီမံကိန်းများမှစတင်လိုက်နာရန် ဖြစ်ပါသည်။  ပြင်ဆင်သတ်မှတ်လိုက်သည့်အချက်များ (၁) Jack-in Pile လုပ်ငန်းများဆောင်ရွက်ရာတွင် Design Capacity နှစ်ဆရောက်သည် အထိ Jack-in ပြုလုပ်ရန်။ (၂) Pile […]

Deep Excavation ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များပေးပို့ အကြောင်းကြားခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ Deep Excavation လုပ်ငန်းခွင့်ပြုထားသော ကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါအချက်များအတိုင်း ဆောင်ရွက်ရန် အကြောင်းကြားပါသည် – ၁။ ယခုအခါ မိုးရာသီနီးကပ်လာပြီဖြစ်သဖြင့် ကုမ္ပဏီများအနေဖြင့် Deep Excavation လုပ်ငန်းများအား အချိန်မီဆောင်ရွက်ရန်။ ၂။ မြေပြိုမှုမဖြစ်ပေါ်စေရန် Design အရ သတ်မှတ်ထားသောနေရာများတွင် Strut , Bracing, Kingposts, Anchor နှင့် Walers Beams များအား စနစ် တကျတပ်ဆင်ရန်။ ၃။ Deep Excavation လုပ်ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေ ရေးအတွက် သတ်မှတ်ထားသော monitoring System များကို စနစ်တကျ ထားရှိရန်နှင့် monitoring အစဉ်ပြုလုပ်ရန်။ ၄။ Dewatering နှင့်ပတ်သက်၍ လိုအပ်ချက်အရ ကျွမ်းကျင်သူများနှင့် ညှိနှိုင်း […]

Quality Management System များဆောင်ရွက်ရန်ကိစ္စ

Reg: O-၁၄၄/CQHP/၂၀၁၄

၁။အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသော အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများသည် ယခုအခါ စီမံကိန်းပမာဏာအားဖြင့် ပိုမိုကြီးမားလာပြီး တည်ဆောက်မှုနည်းပညာပိုင်းတွင်လည်း ဖွံဖြိုးတိုးတက်လျက် ရှိပါသည်။ ၂။ပြောင်းလဲတိုးတက်လာသော နည်းပညာများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်များတွင် အရည်အသွေးပြည့်မီရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရန် စနစ်တကျသော Quality Management System များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အထူ လိုအပ်ပါသည်။ ၃။သို့ဖြစ်ပါ၍ သက်ဆိုင်ရာတည်ဆောက်ရေးကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းအတွက် Construction Plan၊ Quality Control Plan၊ Safety and Health Plan၊ Organization Chart၊ Inspection Procedure နှင့် Inspection Checklist များစသည်တို့ကို အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ CQHP သို့ အမြန်တင်ပြပါရန် အကြောင်းကြားပါသည်။ ၄။CQHP သို့တင်ပြထားသည့်အတိုင်း လုပ်ငန်းခွင်တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆောင်ရွက်ထားရှိမှုများကို Record […]