Notification

40 News Posts

Jack-in Pile ၏ Installation Depth အား သတ်မှတ်ခြင်း။

Reg: O - ၄၀၁/CQHP/၂၀၁၄

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁.၈.၂၀၁၄)ရက်နေ့တွင် အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၌ ကျင်းပပြု လုပ်သော Members of  CQHP နှင့် Technical Consultative Group တို့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ CQHP သို့တင်ပြလာသော Pile Load Test လုပ်ငန်းများတွင် Jack-in Pile ၏ Installation Depth အား အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်လိုက်ပါသည်။ ယခုသတ်မှတ်ချက် အား အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင် အဖွဲ့သို့ ၂၀၁၄ ခုနှစ် ၊ ဩဂုတ်လတွင် စတင်တင်ပြလာသည့် စီမံကိန်းများမှစတင်လိုက်နာရန် ဖြစ်ပါသည်။  ပြင်ဆင်သတ်မှတ်လိုက်သည့်အချက်များ (၁) Jack-in Pile လုပ်ငန်းများဆောင်ရွက်ရာတွင် Design Capacity နှစ်ဆရောက်သည် အထိ Jack-in ပြုလုပ်ရန်။ (၂) Pile […]

စီမံကိန်းတို့တွင် External Inspection Expert Team (EIET) ငှားရမ်းခြင်းကိစ္စ။

အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းတာဝန်ခံ ၊ စီမံကိန်းဒါရိုက်တာတို့ အနေဖြင့် Project စီမံကိန်းတို့ကို အသစ်မစမီ External Inspection Expert Team (EIET) များမှ HPBC ၏ ခွင့်ပြုချက်ရရှိထားသော အဖွဲ့တွင်ငှားရမ်းရန်လိုအပ်ပါသည်။ ငှားရမ်းမည့် External Inspection Expert Team (EIET) အဖွဲ့နှင့် လုပ်ငန်းစာချုပ်မချုပ်မီ မည်သည့် External Inspection Expert Team (EIET) အဖွဲ့နှင့်ဆောင်ရွက်မည်ကို HPBC သို့ တင်ပြပြီးမှ လုပ်ငန်း စာချုပ်ချုပ်ဆိုရန် အကြောင်းကြားပါသည်။

Rebar များ၏ Tensile Strength နှင့် Yield Strength အချိုးနှင့်ပတ်သက်၍ အကြောင်းကြားခြင်း။

Reg: O-၅၁၁/HPBC/၂၀၂၃

အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုနေသော Rebar အချို့၏ Test Result များမှာ Design Strength ပြည့်မီသော်လည်း Tensile Strength နှင့် Yield Strength အချိုးများ လျော့နည်းနေသည်ကို တွေ့ရှိရပါသည်။ ၂။                (၁၆.၁၁.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော – The Ratio of Tensile Strength and Yield Strength of Rebar Case နှင့်ပတ်သက်သည့် Technical Discussion အစည်းအဝေး ဆုံးဖြတ်ချက်အရ  အောက်ပါအချက်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားပါသည်- (က)    Rebar ၏ Tensile Strength နှင့် Yield Strength အချိုးသည် ACI 318 […]

အထပ်မြင့်အဆောက်အအုံ စီမံကိန်းများတွင် မသန်စွမ်းသူများအတွက် လွယ်ကူစွာသွားလာအသုံးပြုနိုင်ရန် Public Building များ၏ Public Area များတွင် လိုအပ်ချက်များ (Accessibility) များ မပါမဖြစ်ထည့်သွင်း ရေးဆွဲရန် ကိစ္စ။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံစီမံကိန်းများ ပုံစံရေးဆွဲရာတွင် မသန်စွမ်းသူများအတွက် လွယ်ကူစွာသွားလာအသုံးပြုနိုင်ရန် Public Building များ၏ Public Area များတွင် လိုအပ်ချက်များ (Accessibility) များ မပါမဖြစ်ထည့်သွင်းရေးဆွဲရန်အတွက် CQHP မှ (၁၈.၃.၂၀၁၇) ရက်နေ့တွင် အစည်းအဝေးဖိတ်ကြား၍ ရှင်းလင်းခဲ့ပြီး CQHP Guideline အသစ်တွင်ဖော်ပြထားပြီး ဖြစ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ (၁.၁၁.၂၀၁၇) ရက်နေ့မှစ၍ အဆောက်အအုံ Design များ တင်ပြရာတွင် မသန်စွမ်းသူများအတွက် လိုအပ်သည့် (Accessibility) များ တင်ပြရမည်ဖြစ်ပါသည်။ ယင်းနေ့မတိုင်မီ ထည့်သွင်းရေးဆွဲထားပါကလည်း တင်ပြနိုင်ပါကြောင်း အကြောင်းကြားပါသည်။

Soil Investigation ကုမ္ပဏီများနှင့် ပတ်သက်၍ သိရှိစေရန် အ‌ကြောင်းကြားခြင်း။

Reg: O - ၀၂၄/CQHP/၂၀၁၇

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁၉.၁၂.၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၆၈/၂၀၁၆) ဆုံးဖြတ်ချက်အရ Soil Investigation လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်ညွှန်ကြားခဲ့သော CQHP Guideline III Geotechnical Investigation Sep, 2003 ၌ ဖော်ပြထားသောအချက်များအပြင် ပူးတွဲပါအချက်များ ဖြည့်စွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ပူးတွဲပါ – လိုက်နာဆောင်ရွက်ရန်အချက်များ   ( ၂ ) စောင် 

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသတိပေးခြင်း။

၁။ ယခုအခါ မိုးရာသီရောက်ရှိနေပြီဖြစ်၍ မိုးသည်းထန်ရွာခြင်း ၊ မုန်တိုင်းများကြုံရခြင်း များ ဖြစ်နိုင်ပါသည်။ လက်ရှိတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများတွင် – (က) မြေကြီးလုပ်ငန်းများ ၊ မြေကာနံရံများ ၊ Piling လုပ်ငန်းနှင့် ကွန်ကရစ်လုပ်ငန်း ဆောင်ရွက် ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန် ။ (ခ)   လေဒဏ်မိုးဒဏ်ခံနိုင်သည့် ယာယီငြမ်းအသုံးပြုရန် ၊ အထောက်အကူပြုငြမ်းများအား စစ်ဆေးရန် သတိပေးပါသည်။ (ဂ)   Tower Crane များတပ်ဆင်အသုံးပြုရာတွင် HPBC မှ ထုတ်ပြန်ထားသော Tower Crane Safety Guideline အရလည်းကောင်း ၊ တည်ဆောက်ဆဲအဆောက်အဦနှင့် Tower Crane တို့သတ်မှတ်ချက်အတိုင်း ခိုင်ခံ့စွာ တွက်ဆက်ရန် လိုအပ်ပါကြောင်း သတိပေးအပ်ပါသည်။ ၂။  လုပ်ငန်းခွင်အတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားပုံကို […]