Notification

40 News Posts

အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေး စီမံ ကိန်းများတွင် HPBC ကိုယ်စားစစ်ဆေးမည့် EIET များ လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များနှင့် တာဝန်ဝတ္တရားများ ထုတ်ပြန်ခြင်း။

Reg: O-၄၉၁/HBPC/၂၀၂၃

ရည်ညွှန်းချက်  ။       HPBC ၏ (၂၇.၂.၂၀၂၀) ရက်စွဲပါစာအမှတ်၊ O – ၀၉၇ / HPBC / ၂၀၂၀။ ၁။                အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) ကိုယ်စားစစ်ဆေးမည့် External Inspection Expert Team (EIET) များ လိုက်နာဆောင်ရွက် ရမည့်စည်းကမ်းချက်များအား ရည်ညွှန်းချက်ပါစာဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၂။                ဆက်လက်၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများအား နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် External Inspection Expert Team (EIET) များ အနေဖြင့် ပူးတွဲပါ လိုက်နာဆောင်ရွက်ရမည့် တာဝန် ဝတ္တရားများကို သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးအကြောင်းကြားပါသည်။

Safety Management Plan တွင် ပါဝင်ရမည့် အချက်အလက်များအား  ထုတ်ပြန်ခြင်း။

ရည်ညွှန်းချက် (၁)။    HPBC ၏ (၂၀.၁၀.၂၀၂၃) ရက်စွဲပါစာအမှတ်၊ O – ၄၁၁ / HPBC / ၂၀၂၃။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးကုမ္ပဏီများမှ Safety  Management Plan များအား HPBC သို့ တင်ပြပေးရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍ ဆောက်လုပ် ရေးကုမ္ပဏီများမှ တင်ပြလာသော Safety  Management Plan  တွင် အောက်ဖော်ပြပါ အချက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြပေးရန်  လိုအပ်ကြောင်း အသိပေးအကြောင်းကြားပါသည် – မှတ်ချက်။      ။ အထက်ပါအချက်များအား Soft-Copy ဦးစွာတင်ပြပေးရန်လိုအပ်သည်။

Project Quality Plan (PQP) တွင် ပါဝင်ရမည့် အချက်အလက်များအား  ထုတ်ပြန်ခြင်း။

ရည်ညွှန်းချက် (၁)။    HPBC ၏ (၂၅.၃.၂၀၁၄) ရက်စွဲပါစာအမှတ်၊ O – ၁၄၄ / CQHP / ၂၀၁၄။                    (၂)။    HPBC ၏ (၂၀.၁၀.၂၀၂၃) ရက်စွဲပါစာအမှတ်၊ O – ၄၁၁ / HPBC / ၂၀၂၃။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးကုမ္ပဏီများမှ Quality Management Plan နှင့် Safety  Management Plan များအား HPBC သို့ တင်ပြပေးရန် ရည်ညွှန်းချက်(၁)နှင့်(၂)ပါစာများဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍ ဆောက်လုပ် ရေးကုမ္ပဏီများမှ တင်ပြလာသော Project Quality Paln (PQP) တွင် အောက်ဖော်ပြပါ အချက်များ အား ပြည့်စုံစွာထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်း […]

Quality Management System များဆောင်ရွက်ရန်ကိစ္စ

Reg: O-၁၄၄/CQHP/၂၀၁၄

၁။အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသော အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများသည် ယခုအခါ စီမံကိန်းပမာဏာအားဖြင့် ပိုမိုကြီးမားလာပြီး တည်ဆောက်မှုနည်းပညာပိုင်းတွင်လည်း ဖွံဖြိုးတိုးတက်လျက် ရှိပါသည်။ ၂။ပြောင်းလဲတိုးတက်လာသော နည်းပညာများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်များတွင် အရည်အသွေးပြည့်မီရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရန် စနစ်တကျသော Quality Management System များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အထူ လိုအပ်ပါသည်။ ၃။သို့ဖြစ်ပါ၍ သက်ဆိုင်ရာတည်ဆောက်ရေးကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းအတွက် Construction Plan၊ Quality Control Plan၊ Safety and Health Plan၊ Organization Chart၊ Inspection Procedure နှင့် Inspection Checklist များစသည်တို့ကို အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ CQHP သို့ အမြန်တင်ပြပါရန် အကြောင်းကြားပါသည်။ ၄။CQHP သို့တင်ပြထားသည့်အတိုင်း လုပ်ငန်းခွင်တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆောင်ရွက်ထားရှိမှုများကို Record […]

HPBC သို့ စာများတင်ပြသည့်အခါတွင် အချက်အလက်များအားပြည့်စုံစွာတင်ပြပေးပါရန်အကြောင်းကြားခြင်း။

Reg: O-၀၅၅/HPBC/၂၀၂၄

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ စာများ ပေးပို့သည့်အခါ ပေးပို့သည့်ရုံးစာတွင် ခေါင်းကြီး (Letter Head)၊ လိပ်မူသည့်ရာထူးနှင့် အဖွဲ့ အမည်အပြည့်အစုံ၊ စာအမှတ်၊ ရက်စွဲ၊ လက်မှတ်ရေးထိုးပေးပို့သူအမည်၊ ရာထူး၊ ဖြန့်ဝေခြင်း (ရှိလျှင်)၊ မိတ္တူ စသည်တို့ကို ပြည့်စုံစွာရေးသားပြီး တင်ပြပေးပါရန် အကြောင်းကြားအပ်ပါသည်။  

Pile လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားလာခြင်းအား ထောက်ခံချက်ပေးနိုင်ပါရန် ကိစ္စ

၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သတ်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်း pile လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထပ်မြင့်အဆောက်အုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့သို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အကြောင်းကြားစာနှင့် အတူ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲ တင်ပြ၍ လျှောက်ထားရပါမည်။ ၂။ ဆက်လက်၍ တင်ပြသော အချက်အလက်များကို CQHP တွင် Presentation ပြုလုပ်ရပါမည် ဖြစ်ပါသည်။ ထို့နောက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး သွားလာမှုများကို ကုမ္ပဏီများမှ တစ်ခုချင်းသော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။

External Inspection Expert Team (EIET) အဖွဲ့များတွင် PE (GEO) (သို့မဟုတ်) RSE (GEO) တစ်ဦးထားရှိရန် အသိပေးအကြောင်းကြားခြင်း။

Reg: O-၄၆၀/HPBC/၂၀၂၄

အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) သည် အထပ်မြင့်အဆောက်အအုံ စီမံကိန်းများတွင် Pile Foundation  လုပ်ငန်: ၊ Deep Excavation  လုပ်ငန်းများစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် HPBC ကိုယ်စား External Inspection Expert Team (EIET) အဖွဲ့များအနေဖြင့် Pile Foundation ၊ Deep Excavation စစ်ဆေးဆောင်ရွက်ခြင်း နှင့် final Inspection Report လုပ်ငန်းများစစ်ဆေးခြင်းတို့အတွက် PE (GEO) (သို့မဟုတ်) RSE (GEO) တစ်ဦးထားရှိရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ External Inspection Expert Team (EIET) အဖွဲ့များတွင် PE (GEO) (သို့မဟုတ်) RSE […]

HPBC တွင် မှတ်ပုံတင်ထားသော အထပ်မြင့်စီမံကိန်းများတွင် လုပ်ငန်းစတင် ဆောင်ရွက်ချိန်မှစ၍ External Inspection Expert Team များ ထားရှိ ဆောင်ရွက်နိုင်ရေးကိစ္စ။

၁။                အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက် အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) မှ HPBC ကိုယ်စား စစ်ဆေးဆောင်ရွက်မည့် အသိအမှတ်ပြု External Inspection Expert Team များဖြင့်  မိမိတို့၏လုပ်ငန်းများကို ပုံမှန်စစ်ဆေးခံရန် သတ်မှတ်ထားကြောင်း ရည်ညွှန်းချက်ပါစာဖြင့် ကြိုတင် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။ ၂။                သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏အထပ်မြင့်စီမံကိန်းများ စတင်ဆောင်ရွက်ချိန် (Method (၃) မျိုးဖြင့် ဆောင်ရွက်သော Pile Load Test, Piling လုပ်ငန်းများ) မှစ၍ External Inspection Expert Team များဖြင့်  ပုံမှန်စစ်ဆေးဆောင်ရွက်၍ သက်ဆိုင်ရာ External Inspection Expert Team အဖွဲ့မှတဆင့် HPBC သို့ စစ်ဆေးချက်မှတ်တမ်းများအား တင်ပြရမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားပါသည်။

အထပ်မြင့်အဆောက်အအုံ စီမံကိန်းများတွင် မသန်စွမ်းသူများအတွက် လွယ်ကူစွာသွားလာအသုံးပြုနိုင်ရန် Public Building များ၏ Public Area များတွင် လိုအပ်ချက်များ (Accessibility) များ မပါမဖြစ်ထည့်သွင်း ရေးဆွဲရန် ကိစ္စ။

Reg: စာအမှတ် O - / CQHP /

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံစီမံကိန်းများ ပုံစံရေးဆွဲရာတွင် မသန်စွမ်းသူများအတွက် လွယ်ကူစွာသွားလာအသုံးပြုနိုင်ရန် Public Building များ၏ Public Area များတွင် လိုအပ်ချက်များ (Accessibility) များ မပါမဖြစ်ထည့်သွင်းရေးဆွဲရန်အတွက် CQHP မှ (၁၈.၃.၂၀၁၇) ရက်နေ့တွင် အစည်းအဝေးဖိတ်ကြား၍ ရှင်းလင်းခဲ့ပြီး CQHP Guideline အသစ်တွင်ဖော်ပြထားပြီး ဖြစ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ (၁.၁၁.၂၀၁၇) ရက်နေ့မှစ၍ အဆောက်အအုံ Design များ တင်ပြရာတွင် မသန်စွမ်းသူများအတွက် လိုအပ်သည့် (Accessibility) များ တင်ပြရမည်ဖြစ်ပါသည်။ ယင်းနေ့မတိုင်မီ ထည့်သွင်းရေးဆွဲထားပါကလည်း တင်ပြနိုင်ပါကြောင်း အကြောင်းကြားပါသည်။

Car Parking Loading ပြောင်းလဲသတ်မှတ်ခြင်း

Reg: O - ၂၁၈ / CQHP / ၂၀၁၃

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁၀.၉.၂၀၁၃) ရက်နေ့တွင် အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၌ ကျင်းပပြုလုပ်သော Members of CQHP နှင့် Technical Consultative Group တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ CQHP သို့ တင်ပြလာသော Structural Design များတွင် Car Parking Loading အားအောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်ပါသည်။ ယခုသတ်မှတ်ချက် အား အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင် အဖွဲ့သို့ ၂၀၁၃ ခုနစ် ၊ အောက်တိုဘာလတွင် စတင်တင်ပြလာသည့် စီမံကိန်းများမှ စတင်လိုက်နာ ရန် ဖြစ်ပါသည်။ Vehicle Category       Vehicle Gross Weight (Tons) Max; Uniform Load Concentrated Load […]