Notification

40 News Posts

Quality Management System များဆောင်ရွက်ရန်ကိစ္စ

Reg: O-၁၄၄/CQHP/၂၀၁၄

၁။အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသော အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများသည် ယခုအခါ စီမံကိန်းပမာဏာအားဖြင့် ပိုမိုကြီးမားလာပြီး တည်ဆောက်မှုနည်းပညာပိုင်းတွင်လည်း ဖွံဖြိုးတိုးတက်လျက် ရှိပါသည်။ ၂။ပြောင်းလဲတိုးတက်လာသော နည်းပညာများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်များတွင် အရည်အသွေးပြည့်မီရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရန် စနစ်တကျသော Quality Management System များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အထူ လိုအပ်ပါသည်။ ၃။သို့ဖြစ်ပါ၍ သက်ဆိုင်ရာတည်ဆောက်ရေးကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းအတွက် Construction Plan၊ Quality Control Plan၊ Safety and Health Plan၊ Organization Chart၊ Inspection Procedure နှင့် Inspection Checklist များစသည်တို့ကို အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ CQHP သို့ အမြန်တင်ပြပါရန် အကြောင်းကြားပါသည်။ ၄။CQHP သို့တင်ပြထားသည့်အတိုင်း လုပ်ငန်းခွင်တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆောင်ရွက်ထားရှိမှုများကို Record […]

Car Parking Loading ပြောင်းလဲသတ်မှတ်ခြင်း

Reg: O - ၂၁၈ / CQHP / ၂၀၁၃

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁၀.၉.၂၀၁၃) ရက်နေ့တွင် အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၌ ကျင်းပပြုလုပ်သော Members of CQHP နှင့် Technical Consultative Group တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ CQHP သို့ တင်ပြလာသော Structural Design များတွင် Car Parking Loading အားအောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်ပါသည်။ ယခုသတ်မှတ်ချက် အား အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင် အဖွဲ့သို့ ၂၀၁၃ ခုနစ် ၊ အောက်တိုဘာလတွင် စတင်တင်ပြလာသည့် စီမံကိန်းများမှ စတင်လိုက်နာ ရန် ဖြစ်ပါသည်။ Vehicle Category       Vehicle Gross Weight (Tons) Max; Uniform Load Concentrated Load […]

Soil Investigation ကုမ္ပဏီများမှ မိမိတို့ကုမ္ပဏီနှင့် သက်ဆိုင်သော အချက်အလက်များ ပေးပို့ရန်ကိစ္စ။

Reg: O - ၁၉၉/ CQHP/၂၀၁၃

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံတည်ဆောက် ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့အနေဖြင့် Soil Investigation လုပ်ငန်းဆိုင်ရာ အရည်အသွေးပိုမိုတိုးတက်စေရေးအတွက် Soil Investigation ကုမ္ပဏီများ၏ လက်ရှိဆောင်ရွက် နိုင်သော Test များ ၊ လိုက်နာဆောင်ရွက်လျက်ရှိသော Specification များ ၊ Testing Equipment များအား လေ့လာသိရှိရန် လိုအပ်လျက်ရှိပါသည် ။ ၂။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ ကုမ္ပဏီနှင့်သက်ဆိုင်သော အောက်ပါအချက်အလက်များ ပါဝင်သည့် စာတမ်းတစ်စောင်ပြုစုရေးသားပြီး အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ ပေးပို့နိုင်ပါရန် အကြောင်းကြားပါသည်- (က) Company Profile ( ခ ) Company Organization Chat နှင့် ဝန်ထမ်းအင်အား ( ဂ ) Testing Method, Specification […]