အဆောက်အအုံတစ်ခုတည်းအတွင်းမတူညီသော Design Compressive Strength သုံးစွဲထားခြင်းကိစ္စအား ညွှန်ကြားချက်ထုတ်ပြန်ခြင်း

၁။                အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ယခုအခါ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် Design တွက်ချက်ရာတွင် Vertical Member များနှင့် Horizontal Member များအတွက် Concrete ၏ Compressive Strength အား Grade (၂) မျိုး ခွဲခြား၍ Design တွက်ထားသည်ကို တွေ့ရှိရပါသည်။

၂။                 ယင်းကဲ့သို့သော အဆောက်အအုံများအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ Vertical Member များနှင့် Horizontal Member များဆုံသည့် နေရာများတွင် အနည်းဆုံး Punching Area ကျော်လွန်သည်အထိ Grade မြင့်သော Concrete ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပါသည်။ (ဥပမာ – Column သည် Grade 40 ဖြစ်၍ Beam သည် Grade 30 ဖြစ်ပါက Grade 40 ကိုသာ သုံးရမည်ဖြစ်ပါသည်)

၃။                Actual Construction လုပ်ငန်းတွင်လည်း မည်ကဲ့သို့ဆောင်ရွက်မည်ဆိုသည်ကို Concrete မလောင်းမီ CQHP သို့ ကြိုတင်၍ Method Statement တင်ပြရန် လိုအပ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။