အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေး စီမံ ကိန်းများတွင် HPBC ကိုယ်စားစစ်ဆေးမည့် EIET များ လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များနှင့် တာဝန်ဝတ္တရားများ ထုတ်ပြန်ခြင်း။

ရည်ညွှန်းချက်  ။       HPBC ၏ (၂၇.၂.၂၀၂၀) ရက်စွဲပါစာအမှတ်၊ O – ၀၉၇ / HPBC / ၂၀၂၀။

၁။                အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) ကိုယ်စားစစ်ဆေးမည့် External Inspection Expert Team (EIET) များ လိုက်နာဆောင်ရွက် ရမည့်စည်းကမ်းချက်များအား ရည်ညွှန်းချက်ပါစာဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။                ဆက်လက်၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများအား နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် External Inspection Expert Team (EIET) များ အနေဖြင့် ပူးတွဲပါ လိုက်နာဆောင်ရွက်ရမည့် တာဝန် ဝတ္တရားများကို သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးအကြောင်းကြားပါသည်။