အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများတွင် အသုံးပြုနေသော Reinforcing Bar Coupler များစမ်းသပ်စစ်ဆေးခြင်းကိစ္စအား ညွှန်ကြားချက်ထုတ်ပြန်ခြင်း

၁။                Reinforcing Bar များအားစမ်းသပ်စစ်ဆေးရာတွင် သံချောင်းလုံးများ၏ Actual Bar Diameter ၊ Unit Weight Per Length ၊ Yield Strength ၊ Tensile Strength ၊ Percentage of Elongation စသည်တို့ကို တိကျစွာစမ်းသပ်ဖော်ပြပေးရန်ဖြစ်ပါသည်။ အထူးသဖြင့် Testing Laboratory များအနေဖြင့် Actual Bar Diameter နှင့် Unit Weight Per Length တို့ကို တိကျစွာစမ်းသပ်တိုင်းတာဖော်ပြပေးရန် ဖြစ်ပါသည်။

၂။                 အသုံးပြုသော Reinforcing Bar များမှာ မူလ Design တွင်ဖော်ပြထားသည့် Diameter အတိုင်းမဟုတ်ဘဲ Diameter အနည်းငယ်လျော့နည်းသော Rebar များအသုံးပြု နေကြသည်ကို တွေ့ရှိနေရပါသည်။ မူလ Design Diameter ထက်လျော့နည်းသော Rebar များကို အသုံးပြုခြင်းအား ခွင့်ပြုမည်မဟုတ်ဘဲ မူလ Design အတိုင်း အသုံးပြုကြရန် လိုအပ်ပါသည်။

၃။                Coupler များ စမ်းသပ်စစ်ဆေးရာတွင်လည်း Coupler များ၏ Mill Certificate ၊ Yield Strength ၊ Tensile Strength နှင့်အတူ Coupler Test ပြုလုပ်ချိန်တွင် မည်သည့်နေရာ၌ Failure ဖြစ်သွားသည်ကိုပြတ်သားစွာ မြင်ရသောဓာတ်ပုံမှတ်တမ်းကိုပါ CQHP သို့တင်ပြရန် အကြောင်းကြားအပ်ပါသည်။

၄။                Rebar Test နှင့် Coupler Test များတွင် Stress Strain Graph ကို ဖြစ်နိုင်ပါက ထည့်သွင်းတင်ပြပေးပါရန် နှင့် အကယ်၍ Stress Strain Graph မဖော်ပြနိုင်ပါက Yield Strength  ကို မည်ကဲ့သို့ရယူထားသည်ကို တိကျစွာ ဖော်ပြပေးရန် ဖြစ်ပါသည်။