၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ယခုအခါအထပ်မြင့်အဆောက်အအုံများ၏ Piling လုပ်ငန်းဆောင်ရွက်ရာတွင် Test Pile များပြုလုပ်သော ကုမ္ပဏီနှင့် အဆောက်အအုံ၏ လက်ကျန် Pile များကို ပြုလုပ်သော ကုမ္ပဏီမှာ ကွဲလွဲမှုများရှိနေသည်ကို တွေ့ရှိရပါသည်။
၂။ Test Pile များနှင့် အဆောက်အအုံ၏လက်ကျန် Pile များအား ပြုလုပ်သော ကုမ္ပဏီများ ကွဲလွဲနေမှုများသည် Pile များ၏ Quality ကို ကွဲလွဲမှုရှိနိုင်ပါသည်။
၃။ သို့ဖြစ်ပါ၍ Test Pile ပြုလုပ်သော ကုမ္ပဏီကိုသာ အဆောက်အအုံ၏လက်ကျန် Pile များကို ဆက်လက်ပြုလုပ်ရန်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။