အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ Deep Excavation လုပ်ငန်းခွင့်ပြုထားသော ကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါအချက်များအတိုင်း ဆောင်ရွက်ရန် အကြောင်းကြားပါသည် –
၁။ ယခုအခါ မိုးရာသီနီးကပ်လာပြီဖြစ်သဖြင့် ကုမ္ပဏီများအနေဖြင့် Deep Excavation လုပ်ငန်းများအား အချိန်မီဆောင်ရွက်ရန်။
၂။ မြေပြိုမှုမဖြစ်ပေါ်စေရန် Design အရ သတ်မှတ်ထားသောနေရာများတွင် Strut , Bracing, Kingposts, Anchor နှင့် Walers Beams များအား စနစ် တကျတပ်ဆင်ရန်။
၃။ Deep Excavation လုပ်ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေ ရေးအတွက် သတ်မှတ်ထားသော monitoring System များကို စနစ်တကျ ထားရှိရန်နှင့် monitoring အစဉ်ပြုလုပ်ရန်။
၄။ Dewatering နှင့်ပတ်သက်၍ လိုအပ်ချက်အရ ကျွမ်းကျင်သူများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်။
၅။ Designer များနှင့်ညှိနှိုင်း၍ Deep Excavation လုပ်ငန်းများအား အန္တရာယ် ကင်းစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ရန်။