MNBC 2020 အား လိုက်နာကျင့်သုံးရန် အကြောင်းကြားခြင်း

ရည်ညွှန်းချက်    ။         ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၅.၁၀.၂၀၂၀) ရက်စွဲပါစာအမှတ် ၊ ၁၁/ ဌာနခွဲ-၂ / ဥပဒေ / ၂၀၂၀ (စီ ၁၈၀၅) ။

၁။                      အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ Myanmar National Building Code – 2016 (English Version) အားသက်ဆိုင်ရာ Technical Working Group များမှ တိုးတက်ပြောင်းလဲ လာသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီလိုအပ်သည်များပြင်ဆင်ဖြည့်စွက်ပြုစုခဲ့ရာ Myanmar National Building Code – 2020 (English Version)နှင့် မြန်မာဘာသာပြန်ဆိုခြင်းအား ၂၀၂၀ ခုနှစ် ၊ မတ်လ အတွင်းတွင် ပြီးစီးခဲ့ပါသည်။

၂။                      အဆိုပါ Code အသုံးပြုမှုနှင့်စပ်လျဉ်း၍ ဗဟိုအဆင့်အဖွဲ့အစည်းများ ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ နေပြည်တော်ကောင်စီ ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ (၁၄.၁၀.၂၀၂၀) ရက်နေ့စွဲပါ စာအမှတ် ၊ ၁၁/ ဌာနခွဲ-၂ / ဥပဒေ / ၂၀၂၀ (စီ ၁၈၀၄) ဖြင့် ဖြန့်ဝေအကြောင်းကြားထားပြီးဖြစ်ပါသည်။

၃။                    အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ် စစ်ဆေးရေးပညာရှင်အဖွဲ့သို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ MNBC – 2020 အား ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်စေရေးအတွက် ထပ်ဆင့်ညွှန်ကြားပေးပါရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားလာ ပါသည်။

၄။                    သို့ဖြစ်ပါ၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ၊ ကုမ္ပဏီများ ၊  External Inspection Expert Team များအနေဖြင့် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားပါရန် ထပ်ဆင့်အကြောင်းကြားပါသည်။