Myanmar National Building Code (MNBC) 2020 တွင် ဖြည့်စွက် ပြင်ဆင်မှုများ (Modification) ပြုလုပ်ထားသည့်အခြေအနေ အသိပေး အကြောင်းကြားခြင်း

ရည်ညွှန်းချက်။         ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၅.၁၀.၂၀၂၀) ရက်စွဲပါစာအမှတ် ၊ ၁၁ / ဌာနခွဲ-၂/ ဥပဒေ / ၂၀၂၀ (စီ ၁၈၀၅) ။

၁။                အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၅.၁၀.၂၀၂၀) ရက်စွဲပါစာအမှတ် (ရည်ညွှန်းချက်) ဖြင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၀ (MNBC 2020) ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသုံးပြုရန် ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်ပါသည်။

၂။                 အတည်ပြုထုတ်ပြန်ပြီးဖြစ်သော MNBC 2020 တွင် လူနေထိုင်မှုအဆင့် (Occupancy Category) များကိုလည်းကောင်း ၊ ဒီဇိုင်းတွက်ချက်ရာတွင် အသုံးပြုရမည့် ငလျင်အဆင့် (Seismicity Design Category) များကိုလည်းကောင်း ထည့်သွင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

၃။                ယခုအခါ မြန်မာနိုင်ငံ၏ ငလျင်အခြေအနေ ၊ လက်ရှိနိုင်ငံအတွင်း အဆောက်အအုံများ၏ အခြေအနေ ၊ စိစစ်ရေးလုပ်ငန်းစဉ်များ စသည်တို့နှင့် လိုက်လျောညီထွေမှု ရှိစေရန် လူနေမှုအဆင့် ဖြည့်စွက်သတ်မှတ်ခြင်း (Modification of Occupancy Category) နှင့် ငလျင်အဆင့် ဖြည့်စွက်သတ်မှတ်ခြင်း (Modification of Seismicity Design Category) များပြုလုပ်ရန်လိုအပ်လာပါသောကြောင့် ဤကော်မတီအနေဖြင့် ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်လျက် နောက်ဆက်တွဲပါ ဇယားများကို ဖြည့်စွက်ပြင်ဆင်ခြင်း ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် ဆောင်ရွက်လျက်ရှိပါသည်။

၄။                သို့ဖြစ်ပါ၍ အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးပညာရှင်အဖွဲ့ အနေဖြင့် အထပ်မြင့်စီမံကိန်းလုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် ပူးတွဲဖော်ပြပါ နောက်ဆက်တွဲဇယားများကို သိရှိနိုင်ပါရန် နှင့် လိုအပ်သလိုဆောင်ရွက်နိုင်ပါရန် ပေးပို့အပ်ပါသည်။