၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သတ်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်း pile လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထပ်မြင့်အဆောက်အုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့သို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အကြောင်းကြားစာနှင့် အတူ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲ တင်ပြ၍ လျှောက်ထားရပါမည်။
- Company Profile
- Company Organization Chart
- Code of Practice and Specification
- Personal Experience in Piling Work
- List of Equipment and Specifications
- Method of Statement for Piling Work
- Company Experience
- Responsibility for Piling Work
- Quality Control System
- Safety Plan
၂။ ဆက်လက်၍ တင်ပြသော အချက်အလက်များကို CQHP တွင် Presentation ပြုလုပ်ရပါမည် ဖြစ်ပါသည်။ ထို့နောက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး သွားလာမှုများကို ကုမ္ပဏီများမှ တစ်ခုချင်းသော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။