၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံတည်ဆောက် ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့အနေဖြင့် Soil Investigation လုပ်ငန်းဆိုင်ရာ အရည်အသွေးပိုမိုတိုးတက်စေရေးအတွက် Soil Investigation ကုမ္ပဏီများ၏ လက်ရှိဆောင်ရွက် နိုင်သော Test များ ၊ လိုက်နာဆောင်ရွက်လျက်ရှိသော Specification များ ၊ Testing Equipment များအား လေ့လာသိရှိရန် လိုအပ်လျက်ရှိပါသည် ။
၂။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ ကုမ္ပဏီနှင့်သက်ဆိုင်သော အောက်ပါအချက်အလက်များ ပါဝင်သည့် စာတမ်းတစ်စောင်ပြုစုရေးသားပြီး အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့သို့ ပေးပို့နိုင်ပါရန် အကြောင်းကြားပါသည်-
(က) Company Profile
( ခ ) Company Organization Chat နှင့် ဝန်ထမ်းအင်အား
( ဂ ) Testing Method, Specification and Equipments
(ဃ) အထက်ဖော်ပြထားသည့် အချက်များကိုအခြေခံ၍ ကုမ္ပဏီမှ လိုက်နာဆောင်ရွက် လျက်ရှိသော Soil Investigation လုပ်ငန်းအတွက် Method of Statement ရေးသားပေးရန် ။
( င ) Quality Control System
၃။ Method of Statement for Soil Investigation နှင့်ပတ်သက်၍ အခြားနိုင်ငံများရှိ Soil Investigation ကုမ္ပဏီများမှ ပြုစုသည့်အချက်များကိုလည်း လေ့လာပြီး ရေးသားပြုစုရန် အကြံပြုပါသည်။