အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးအဖွဲ့သို့ Design စစ်ဆေး ရန်တင်ပြလာသော Project များတွင် လုပ်ငန်းဆောင်ရွက်နေသော Soil Investigation Company များအနေဖြင့် Soil Investigation လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ Engineer Guideline ဖြင့်ဆောင်ရွက်ရန်နှင့် Myanmar National Building Code 2020 Article (4.2) တွင်ဖော်ပြပါရှိသော Geotechnical Investigation သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန် ၊ Standard Operation Procedure များဆောင်ရွက်ရာတွင် Reference Code of Practice နှင့် HPBC Guideline များအတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားအပ်ပါသည်။