အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) မှ Piling လုပ်ငန်း များ မကြန့်ကြာစေရန်အတွက် Pile Load Test နှင့်ပတ်သက်၍ စနစ် (၂) ခု မှ ကြိုက်နှစ်သက်ရာစနစ်ကို ပြုလုပ်နိုင်ရန် ရည်ညွှန်းချက်ပါစာဖြင့် ကုမ္ပဏီများသို့ အကြောင်းကြား ခဲ့ပါသည်။ ဆက်လက်၍ Ultimate Pile Load Test နှင့် Working Pile Load Test များ ဆောင်ရွက်ရာ၌ တစ်ခါတစ်ရံတွင် Test Pile များ၏ အရည်အသွေး မပြည့်ဝမှုကြောင့် လုပ်ငန်း ကြန့်ကြာမှုနှင့် ဆုံးရှုံးမှုများဖြစ်ပေါ်သည်ကို တွေ့ရှိရသောကြောင့် အချိန်နှင့်ငွေဆုံးရှုံးမှုများ သက်သာနိုင်စေရန် Pile Load Test များ မဆောင်ရွက်မီ Pile များ၏ Pile Integrity Test စမ်းသပ်ပြီးမှဆောင်ရွက်ပါက သင့်လျော်မည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။