အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ ၂၀၂၅ နှင့် (Myanmar National Building Code – 2025) တို့နှင့်အညီ လိုက်နာ ကျင့်သုံးရေးကိစ္စ
ရည်ညွှန်းချက် ။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံး ၊ နေပြည်တော်၏ (၃၀.၆.၂၀၂၅) ရက်စွဲပါစာအမှတ်၊ ၁၁/ဌာနခွဲ-၂/ဥပဒေ/၂၀၂၅ (စီ ၀၄၄၄)။ ၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ရည်ညွှန်းချက်ပါစာအရ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၅ (Myanmar National Building Code – 2025) ကို အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက် အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ သို့ လိုက်နာကျင့်သုံးရန် ပေးပို့ဖြန့်ဝေခဲ့ပါသည်။ ၂။ သို့ဖြစ်ပါ၍ အထပ်မြင့်နှင့် အများပိုင်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ အနေဖြင့်လည်းကောင်း ၊ External Inspection Expert Team (EIET) များအနေဖြင့် လည်းကောင်း သက်ဆိုင်ရာအင်ဂျင်နီယာများသည် အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်း များ […]