Notification

40 News Posts

အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ ၂၀၂၅ နှင့် (Myanmar National Building Code – 2025) တို့နှင့်အညီ လိုက်နာ ကျင့်သုံးရေးကိစ္စ

Reg: O - ၃၁၄ / HPBC / ၂၀၂၅

ရည်ညွှန်းချက်  ။       ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံး ၊ နေပြည်တော်၏  (၃၀.၆.၂၀၂၅) ရက်စွဲပါစာအမှတ်၊ ၁၁/ဌာနခွဲ-၂/ဥပဒေ/၂၀၂၅ (စီ ၀၄၄၄)။ ၁။           အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ရည်ညွှန်းချက်ပါစာအရ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၅  (Myanmar National Building Code – 2025) ကို အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက် အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ သို့ လိုက်နာကျင့်သုံးရန် ပေးပို့ဖြန့်ဝေခဲ့ပါသည်။ ၂။            သို့ဖြစ်ပါ၍ အထပ်မြင့်နှင့် အများပိုင်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ အနေဖြင့်လည်းကောင်း ၊ External Inspection Expert Team (EIET) များအနေဖြင့် လည်းကောင်း သက်ဆိုင်ရာအင်ဂျင်နီယာများသည် အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်း များ […]

Myanmar National Building Code (MNBC) 2020 တွင် ဖြည့်စွက် ပြင်ဆင်မှုများ (Modification) ပြုလုပ်ထားသည့်အခြေအနေ အသိပေး အကြောင်းကြားခြင်း

ရည်ညွှန်းချက်။         ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၅.၁၀.၂၀၂၀) ရက်စွဲပါစာအမှတ် ၊ ၁၁ / ဌာနခွဲ-၂/ ဥပဒေ / ၂၀၂၀ (စီ ၁၈၀၅) ။ ၁။                အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၅.၁၀.၂၀၂၀) ရက်စွဲပါစာအမှတ် (ရည်ညွှန်းချက်) ဖြင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၀ (MNBC 2020) ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသုံးပြုရန် ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်ပါသည်။ ၂။                 အတည်ပြုထုတ်ပြန်ပြီးဖြစ်သော MNBC 2020 တွင် လူနေထိုင်မှုအဆင့် (Occupancy Category) များကိုလည်းကောင်း ၊ ဒီဇိုင်းတွက်ချက်ရာတွင် အသုံးပြုရမည့် ငလျင်အဆင့် (Seismicity Design Category) များကိုလည်းကောင်း ထည့်သွင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ၃။                ယခုအခါ မြန်မာနိုင်ငံ၏ ငလျင်အခြေအနေ […]

MNBC 2020 အား လိုက်နာကျင့်သုံးရန် အကြောင်းကြားခြင်း

Reg: O - ၃၉၈ / HPBC / ၂၀၂၀

ရည်ညွှန်းချက်    ။         ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၅.၁၀.၂၀၂၀) ရက်စွဲပါစာအမှတ် ၊ ၁၁/ ဌာနခွဲ-၂ / ဥပဒေ / ၂၀၂၀ (စီ ၁၈၀၅) ။ ၁။                      အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ Myanmar National Building Code – 2016 (English Version) အားသက်ဆိုင်ရာ Technical Working Group များမှ တိုးတက်ပြောင်းလဲ လာသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီလိုအပ်သည်များပြင်ဆင်ဖြည့်စွက်ပြုစုခဲ့ရာ Myanmar National Building Code – 2020 (English Version)နှင့် မြန်မာဘာသာပြန်ဆိုခြင်းအား ၂၀၂၀ ခုနှစ် ၊ မတ်လ အတွင်းတွင် ပြီးစီးခဲ့ပါသည်။ ၂။                      အဆိုပါ Code အသုံးပြုမှုနှင့်စပ်လျဉ်း၍ ဗဟိုအဆင့်အဖွဲ့အစည်းများ ၊ ပြည်ထောင်စု […]

အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများတွင် အသုံးပြုနေသော Reinforcing Bar Coupler များစမ်းသပ်စစ်ဆေးခြင်းကိစ္စအား ညွှန်ကြားချက်ထုတ်ပြန်ခြင်း

Reg: O - ၆၀၈ / CQHP / ၂၀၁၅

၁။                Reinforcing Bar များအားစမ်းသပ်စစ်ဆေးရာတွင် သံချောင်းလုံးများ၏ Actual Bar Diameter ၊ Unit Weight Per Length ၊ Yield Strength ၊ Tensile Strength ၊ Percentage of Elongation စသည်တို့ကို တိကျစွာစမ်းသပ်ဖော်ပြပေးရန်ဖြစ်ပါသည်။ အထူးသဖြင့် Testing Laboratory များအနေဖြင့် Actual Bar Diameter နှင့် Unit Weight Per Length တို့ကို တိကျစွာစမ်းသပ်တိုင်းတာဖော်ပြပေးရန် ဖြစ်ပါသည်။ ၂။                 အသုံးပြုသော Reinforcing Bar များမှာ မူလ Design တွင်ဖော်ပြထားသည့် Diameter အတိုင်းမဟုတ်ဘဲ Diameter အနည်းငယ်လျော့နည်းသော Rebar များအသုံးပြု နေကြသည်ကို […]

အဆောက်အအုံတစ်ခုတည်းအတွင်းမတူညီသော Design Compressive Strength သုံးစွဲထားခြင်းကိစ္စအား ညွှန်ကြားချက်ထုတ်ပြန်ခြင်း

Reg: O - ၆၀၇ / CQHP / ၂၀၁၅

၁။                အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ယခုအခါ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် Design တွက်ချက်ရာတွင် Vertical Member များနှင့် Horizontal Member များအတွက် Concrete ၏ Compressive Strength အား Grade (၂) မျိုး ခွဲခြား၍ Design တွက်ထားသည်ကို တွေ့ရှိရပါသည်။ ၂။                 ယင်းကဲ့သို့သော အဆောက်အအုံများအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ Vertical Member များနှင့် Horizontal Member များဆုံသည့် နေရာများတွင် အနည်းဆုံး Punching Area ကျော်လွန်သည်အထိ Grade မြင့်သော Concrete ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပါသည်။ (ဥပမာ – Column သည် Grade 40 ဖြစ်၍ Beam […]

အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ လိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားခြင်း

Reg: O - ၄၆၁ / CQHP / ၂၀၁၄

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် အောက်ပါအချက်များအား မပျက်မကွက်ဆောင်ရွက်ရန် အကြောင်းကြားပါသည်- ၁။      Design Structural Analysis ပြုလုပ်ရာတွင် Dynamic Analysis ဖြင့် ဆောင်ရွက်ရန်။ ၂။       Construction Rebar လုပ်ငန်းဆောင်ရွက်ရာတွင် Stirrups and Hoops များအား 135 Degree ကွေးရန်။ ၃။      Piling Piling Installation လုပ်ငန်းဆောင်ရွက်ရာ၌ Piling Record တွင် Pile Eccentricity များကိုပါ ပူးတွဲတင်ပြရန်။      

Pile Load Test ပြုလုပ်သည့်စနစ်နှင့်ပတ်သက်၍ သိရှိစေရန် အကြောင်းကြားခြင်း။

Reg: O - ၂၃၉/HPBC/၂၀၂၅

ရည်ညွှန်းချက်(၁)။ HPBC ၏ (၂၂.၈.၂၀၁၆) ရက်စွဲပါစာအမှတ် ၊ O – ၄၈၈ / CQHP / ၂၀၁၆။                         (၂)။ HPBC ၏ (၂၉.၅.၂၀၂၅) ရက်နေ့တွင်ပြုလုပ်သော အမှုဆောင်အစည်း အဝေးအမှတ် ( 5 / EC / HPBC / 2025 ) ။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှ ရည်ညွှန်း ချက်(၁)ပါစာဖြင့် သတ်မှတ်ခဲ့သော Pile Load Test စနစ် (၃) မျိုးအစား […]

MEP Design များကို တင်ပြရန်ကိစ္စ

Reg: O - ၁၇၃ / CQHP / ၂၀၁၇

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့  (CQHP) သို့ MEP Drawing များကို Superstructure Drawing များတင်ပြပြီး တစ်လအတွင်းနောက်ဆုံးထား၍တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။ Revised Design Drawing များ ပြန်လည်တင်ပြရာတွင်လည်း Architectural Design ပြောင်းလဲမှုရှိလျှင် MEP Design Drawing များကို လိုအပ်ပါက ပြန်လည်တင်ပြရန် အကြောင်းကြားပါသည်။

အထပ်မြင့် အဆောက်အအုံများ၏ Piling လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ညွှန်ကြားချက်ထုတ်ပြန်ခြင်း။

Reg: O - ၃၀၅/CQHP/၂၀၁၆

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ယခုအခါအထပ်မြင့်အဆောက်အအုံများ၏ Piling လုပ်ငန်းဆောင်ရွက်ရာတွင် Test Pile များပြုလုပ်သော ကုမ္ပဏီနှင့် အဆောက်အအုံ၏ လက်ကျန် Pile များကို ပြုလုပ်သော ကုမ္ပဏီမှာ ကွဲလွဲမှုများရှိနေသည်ကို တွေ့ရှိရပါသည်။ ၂။ Test Pile များနှင့် အဆောက်အအုံ၏လက်ကျန် Pile များအား ပြုလုပ်သော ကုမ္ပဏီများ ကွဲလွဲနေမှုများသည် Pile များ၏ Quality ကို ကွဲလွဲမှုရှိနိုင်ပါသည်။ ၃။ သို့ဖြစ်ပါ၍ Test Pile ပြုလုပ်သော ကုမ္ပဏီကိုသာ အဆောက်အအုံ၏လက်ကျန် Pile များကို ဆက်လက်ပြုလုပ်ရန်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။  

Deep Excavation ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များပေးပို့ အကြောင်းကြားခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ Deep Excavation လုပ်ငန်းခွင့်ပြုထားသော ကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါအချက်များအတိုင်း ဆောင်ရွက်ရန် အကြောင်းကြားပါသည် – ၁။ ယခုအခါ မိုးရာသီနီးကပ်လာပြီဖြစ်သဖြင့် ကုမ္ပဏီများအနေဖြင့် Deep Excavation လုပ်ငန်းများအား အချိန်မီဆောင်ရွက်ရန်။ ၂။ မြေပြိုမှုမဖြစ်ပေါ်စေရန် Design အရ သတ်မှတ်ထားသောနေရာများတွင် Strut , Bracing, Kingposts, Anchor နှင့် Walers Beams များအား စနစ် တကျတပ်ဆင်ရန်။ ၃။ Deep Excavation လုပ်ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေ ရေးအတွက် သတ်မှတ်ထားသော monitoring System များကို စနစ်တကျ ထားရှိရန်နှင့် monitoring အစဉ်ပြုလုပ်ရန်။ ၄။ Dewatering နှင့်ပတ်သက်၍ လိုအပ်ချက်အရ ကျွမ်းကျင်သူများနှင့် ညှိနှိုင်း […]