ရည်ညွှန်းချက်(၁)။ HPBC ၏ (၂၂.၈.၂၀၁၆) ရက်စွဲပါစာအမှတ် ၊ O – ၄၈၈ / CQHP / ၂၀၁၆။
(၂)။ HPBC ၏ (၂၉.၅.၂၀၂၅) ရက်နေ့တွင်ပြုလုပ်သော အမှုဆောင်အစည်း အဝေးအမှတ် ( 5 / EC / HPBC / 2025 ) ။
အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှ ရည်ညွှန်း ချက်(၁)ပါစာဖြင့် သတ်မှတ်ခဲ့သော Pile Load Test စနစ် (၃) မျိုးအစား ရည်ညွှန်းချက်(၂)ပါ အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ဖော်ပြပါ စနစ် (၂) ခုအနက်မှ ကြိုက်နှစ်သက်ရာ စနစ်ကို HPBC သို့ တင်ပြပြီး လုပ်ဆောင်နိုင်ကြောင်း အသိပေးအကြောင်းကြားပါသည်။ ပူးတွဲပါစစ်ဆေး ထောက်ခံမှုပြုသည့် အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည် –
စနစ်(၁)။ ပထမဦးစွာ Ultimate Load Test ကို HPBC ၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ပြီး Report ကို တင်ပြစစ်ဆေးခံရန်နှင့် ကျန်ရှိသော Working Load Test ကို HPBC ၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ပြီး Pile Capacity သေချာမှသာ Piling Work စစ်ဆေးခွင့် ပြုသောစနစ်။
စနစ်(၂)။ Ultimate Load Test နှင့် Working Load Test များကို HPBC ၏ ခွင့်ပြုချက်ဖြင့် တစ်ပြိုင်နက်တည်းဆောင်ရွက်၍ Report ကို တင်ပြစစ်ဆေးခံရန် ဖြစ်ပါသည်။ အစီရင်ခံစာ Report အား HPBC မှ စိစစ်၍ Pile Capacity ထောက်ခံချက်ရသည် အထိ ကုမ္ပဏီနှင့် Designer တို့မှ တာဝန်ယူဆောင်ရွက်ပြီးနောက် Piling Work စစ်ဆေးခွင့်ပြုသောစနစ်။
မှတ်ချက်
၁။ မည်သည့်စနစ်ဖြင့်ဆောင်ရွက်မည်ကို HPBC သို့ ကြိုတင် တင်ပြရပါမည်။
၂။ ဆောင်ရွက်သည့်စနစ်အလိုက် လိုအပ်သော Document များအား HPBC Manual တွင် ဖော်ပြထားသော Checklist နှင့် SOP များအတိုင်း ပြည့်စုံစွာတင်ပြရပါမည်။
၃။ စနစ် (၂) အတိုင်းဆောင်ရွက်ပါက လိုအပ်သော Pile Capacity မရရှိလျှင် Company နှင့် Designer မှ တာဝန်ယူဆောင်ရွက်ထားသော Piling Layout ကို စမ်းသပ်ရရှိသော Capacity နှင့် ကိုက်ညီသည့်ပြုပြင်မှုများ ပြန်လည်ပြုပြင်လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိခံဝန်ချက်ကို တင်ပြရပါမည်။
ပူးတွဲပါ –
- ဆောင်ရွက်လိုသောစနစ် အဆိုပြုပုံစံ ( ၁ ) စုံ
- စစ်ဆေးထောက်ခံမှုပြုသည့် အစီအစဉ် ( ၁ ) စုံ
- SOP for Pile Load Test Method (2) ( ၁ ) စောင်
- SOP for Piling ( ၁ ) စောင်